(74)Daddy's baby

3.6K 371 22
                                    

[ zawgyi ]

a

rc5

ရှာင်ကျန့် ဘေးဘက်မှာ ရုပ်တည်ကြီးနဲ့ကြောက်စရာ
ကောင်းအောင် ထိုင်​နေတဲ့ ဝမ်ရိပေါ်ကိုခိုးကြည့်မိလိုက်
သည် ။ ဝမ်ရိပေါ်ရဲ့ မျက်နှာတစ်ခြမ်းသာမြင်ရသည် ။
ထင်းနေတဲ့ မေးရိုးတွေကိုရှောင်ကျန့် ငေးကြည့်မိ
သွားသည် ။ မေးရိုးအောက်မှာ ထင်ထင်ရှားရှားထွက်
ပေါ်နေတဲ့ လည်စိ

အိုမိုင်ဂေါ့ ကြိုက်လိုက်တာ

ရှောင်ကျန့် သားရည်တွေကျနေမလား သူ့ကိုသူမသိ ။
ဝမ်ရိပေါ်ရဲ ရုပ်ရည်က အမြဲငေးနေရတာဖြစ်သည် ။
အသက်၂၈နှစ် ဝမ်ရိပေါ်က အရမ်းတည်ငြိမ်ပြီး
တောက်ပတဲ့အရောင်အဝါတွေသာမက ပြတ်သား
ပြီး လွှမ်းမိုးနိုင်တဲ့ အရှိန်အဝါတွေပါ ထုတ်လွှတ်နေသည်။

" ငေးလို့ ဝပြီလား ကလေး"

" မဝ ဟင် အမ် ဝ အယ် မဟုပါဘူး "

ငေးနေတုန်း ထမေးခံရတော့ ယောင်ယောင်မောင်းမောင်း
မှားဖြေမိကုန်သည် ။
ရှောင်ကျန့်ကတော့ မျက်နှာကို လက်ဖဝါးသေးလေးနဲ့
အုပ်လိုက်သည် ။ရှက်လွန်းလို့ ကြွင်းထဲ သူ့မျက်နှာသာ
ထည့်ထားလိုက်ချင်သည် ။

ဝမ်ရိပေါ် မျက်နှာမှာ အပြုံးတစ်ပွင့်ဖြစ်ထွန်းနေတာကို
မျက်နှာဖုံးထားတဲ့ ရှောင်ကျန့်မသိပေမဲ့ ကားမောင်းသူ
နေရာက လက်ထောက်ကတော့ မြင်ဖြစ်အောင်မြင်
လိုက်ရသည် ။

' မဖြစ် အကြည့်လွဲမှရမှာ ကျိမ်စာတွေထက်ကြောက်ဖို့
ကောင်းတဲ့ ကပ္ပတိန်ရဲ့အပြုံးကိုသူမကြည့်ရဲပါဘူးနော်'

ရှောင်ကျန့်တို့ကားလေးက တစ်ထပ်ဗီလာလေးရှေ့ရပ်
သွားသည် ။ ပတ်ဝန်းကျင်က တိတ်ဆိတ်နေပြီးနေထိုင်သူ
နည်းပါးသည် ။ ကျယ်ပြန့်လှတဲ့မြေနေရာရဲ့အလယ်
မှာ တစ်ထပ်ဗီလာအသေးလေးဆောက်ထားကာ
ဘေးပတ်လည်ကို အပင်ကြီးကြီးတစ်ပင်က အရိပ်ကျ
စေသည် ။

" ဒါ ကိုယ်တို့နေရမဲ့နေရာပဲ ကလေး "

ငေးမောနေတဲ့ သူ့လည်း ဝမ်ရိပေါ်အသံကြားမှ အသံ
ပိုင်ရှင်ကိုလှည့်ကြည့်လိုက်သည် ။ဗီလာရှေ့မှာရှိနေတာ
သူတို့နှစ်ဦးသာ လက်ထောက်ကတော့ ပြန်သွားပြီ
ဖြစ်မည် ။

My soulmate(system) Where stories live. Discover now