(26)𝘿𝙚𝙖𝙧 𝙀𝙢𝙥𝙧𝙚𝙨𝙨

7.4K 672 22
                                    


𝐀𝐫𝐜𝟐.𝟖 (𝐝𝐞𝐚𝐫 𝐞𝐦𝐩𝐫𝐞𝐬𝐬)

[zawgyi ]

မတိုးသာမဆုတ်သာအခြေနေမို့.. ရှောင်ကျန့် အောက်က
လူရဲ့ရင်ဘက်ပေါ်သာ ခေါင်းမှောက်လိုက်တယ်...။
ုမြန်ဆန်လှတဲ့ နှလုံးခုန်သံ တဒုတ်ဒုတ်ကြောင့် ရှောင်ကျန့်
လန့်ပြီး မျက်နှာကိုမော့ကြည့်တော့ သေစေနိုင်လောက်
တဲ့မျက်နှာကြီးနဲ့ ဇာတ်လိုက်ကောင်ကြောင့် သူဘာတွေ
လုပ်မိနေတာလဲ ဆိုတာနားလည်ပြီး မျက်နှာကြီးနီလာ
သည် ။

" သခင်လေးကျန့် ကျန့် အားနန် ညစာလာပို့တာ "
အပြင်ဘက်က အားနန်က ခွင့်တောင်းပြီးဝင်လာမှာကို
သိလို့ ရှောင်ကျန့် ဒီဇာတ်လိုက်ကောင်ကြီးကို ဘယ်ချောင်ပို့ရမလဲ စဉ်းစားရကြပ်​နေသည် ။

* အော် သူငယ်ချင်းတစ်ယောက်လို့ပြောလိုက်လေ
တော်ကြာ နှင်ထုတ်ခံရရင် ဟိုက ဇာတ်လိုက်နော် *

systemပြောတာလည်း မှန်နေတာကြောင့် လည်ပင်း
မပြတ်ချင်သေးတဲ့သူက အားနန်ဝင်လာရင် အမြင်မတော်
တာတွေ တွေ့မှာစိုးကာ မျက်ထောင့်နီကြီးနဲ့စိုက်ကြည့်
နေတဲ့ ဝမ်ရိပေါ်ကိုမျက်နှာလွှဲပီး အားကုန်သုံးကာ
သံမဏိလူသားလက်ထဲမှာ ရုန်းထွက်လိုက်တယ်... ။

အကျီတွေကို ပြန်ပြင်ရင်း အားနန်ဝင်လာမှာကိုစောင့်
နေလိုက်တယ်။

" ကျန့်ကျန့် သခင်လေး အားနန်.....အယ်"
အားနန် သခင်လေးအတွက် အသားမပါတဲ့ညစာစားရမဲ့
အကြောင်း မပြောနိုင်ခင် သခင်လေးရဲ့အိပ်ယာပေါ်က
ဖြူစုတ်စုတ်လူကြောင့် စကားမဆက်နိုင်... ။

" ရှူး အားနန်ကျဲ မအော်ပါနဲ့ ဒါ့ကျန့်ကျန့် သူငယ်ချင်း
အမ်း မိတ်ဆွေပါ "

" ဘယ်လိုဖြစ်လို့ "

" ဟုတ်တယ် သူဒုက္ခရောက်ပြီး လမ်းမှာဓားပြတွေတွေ့
လို့လေ "

" ဟယ် အဖြစ်ဆိုးတာ ကျန့်ကျန့်မိတ်ဆွေ ဘယ်နားထိ
ခိုက်သေးလဲ "

" အွန်း သူခြေထောက်အတော်ထိခိုက်သွားတာ"

"ဟုတ်လား "
အားနန်ပြောရင်း ကျန့်ကျန့်နောက်က အိပ်ယာပေါ်ကလူ
ကိုခေါင်းစောင်းကြည့်တော့ ဖြူဖျော့နေပေမဲ့ချောမောတဲ့
သူဆိုတာပြောနိုင်သည်...။

My soulmate(system) Where stories live. Discover now