(44)ယွီဖေးကျင့်

5K 556 36
                                    

[ Zawgyi ]

arc 3.10


ယွီဖေးကျင့် အထက်တန်း နောက်ဆုံးနှစ်မှာ ငွေကြေး
အဆင်ပြေလာခဲ့သည် ။ systemလမ်းညွှန်မှုနဲ့ အနုပညာ
လမ်းကြောင်းမှာ ဗီလိန်ရဲ့လျို့ဝှက်သားတို့ ဖြတ်လျောက်
ကလေးငယ်တို့နဲ့ အဆင်ပြေလာတယ်ပြောရမည် ။ ဒါပေမဲ့ ဒါရိုက်တာတွေက သူလိုသာမာန်အထက်တန်းကျောင်း
သားလေးကို အရေးတယူရှိလှတယ်မဟုတ် သာမာန်
ဇာတ်ကောင်အတွက် သာမာန်ထက်ပိုနည်းတဲ့ သရုပ်
ဆောင်ကြေးလို့ ခေါ်မရတဲ့ မုန့်ဖိုးသာသာပါပဲ ။

systemကတော့ ဥာဏ်ကောင်းလာတယ်လို့ ထင်ရ
အောင် သူ့အကူအညီတောင်းသမျှ အကုန်လုပ်ပေးသည်။
တစ်ခါတလေ ရှောင်ကျန့် ရိပေါ်ကို အိမ်မက်မက်သည် ။
ဒါပေမဲ့ ရိပေါ်က သူ့ကိုခေါ်လာတဲ့ နာမည်တစ်ခုနဲ့တင်
အိမ်မက်က လန့်နိုးဖို့ လုံလောက်သည် ။

မီးဖိုချောင်ထဲက အနံမွှေးမွှေးရလို့ ယွီဖေးကျင့်ပြေးထွက်
ပြီး ကြည့်လိုက်တော့ အေပရွန်ဝတ်ထားတဲ့ အရပ်ရှည်
ရှည်ကောင်လေးကို တွေ့လိုက်သည် ။

သေချာတာတော့ သူ့ရဲ့မွေးစားကလေးလေး ဟဲဟန်ပေါ့

" ဟန် ဒယ်ဒီပြောထားတယ်လေ မီးဖိုချောင်ထဲက ပစ္စည်း
တွေကို အလွယ်တကူမကိုင်ရဘူးဆိုတာ ဘယ်လောက်
အန္တရယ်များလဲ သိရဲ့လား ပေးပေး ဒယ်ဒီပဲဆက်လုပ်မယ်
တစ်ကယ်တည်း ဒယ်ဒီပြောပြမယ် လိုင်းပေါ်မှာ နာမည်
ကြီးနေတဲ့သတင်းတစ်ပုဒ်ရှိတယ် အသက်မပြည့်သေး
တဲ့ကလေးတစ်ယောက်ကကွာ ဂတ်စ်အိုးဖွင့်တာ ခလုတ်
တွေမှားပြီး တစ်အိမ်လုံးမီးလောင်သွားတာကွ အိ
ပြောရင်းကြောက်တာ နောက်မလုပ်နဲ့တော့နော် "

ချောမောနုပျိုခြင်းတွေ ပြည့်နေတဲ့ဟဲဟန်မျက်နှာပေါ်မှာ
အပြုံးတွေပွင့်လန်းသွားပြီး ယွီဖေးကျင့်ကိုပြုံးပြသည် ။

"ဟုတ် "

လူငယ်ဆန်ဆန် လေပြည်အေးအေးလိုအသံလေးကြောင့်
ယွီဖေးကျင့် စိတ်အေးသွားသလို ခံစားရပြီး ဟဲဟန်ရဲ့
ဆံပင်နုနုလေးတွေကို ပွတ်သပ်ပေးလိုက်ပြီး ချက်ပြုတ်
ခြင်းကို အဆုံးသတ်လိုက်သည် ။

My soulmate(system) Where stories live. Discover now