(61) who?

3.9K 411 8
                                    

[ zawgyi ]

arc 4.7

အချိန်အားဖြင့် ညသန်း​ခေါင်ဖြစ်တာကြောင့် လူခြေ
တိတ်ကာ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသည်။
အဆောင်ခန်းက ကုတင်ကျဉ်းကျဉ်းလေးပေါ်မှာ
ိအိပ်ပျော်နေတဲ့ လူနှစ်ယောက်မှာ လေတိုးမဝင်
အောင် ပူးကပ်နေလျက် ။ စောင်တစ်ထည်သာ
ထိုနှစ်ဦးပေါ် လွှမ်းခြုံထားသည် ။..

အိပ်မောကျနေတဲ့ သူ့မျက်နှာကိုကြည့်ပြီး ရှောင်ကျန့်
သက်ပြင်းချလိုက်မိသည်

ချောလိုက်တာ

ရှောင်ကျန့်အခုကိုယ် ဂင်ရန်ရန်က အသက်ထက်ပိုငယ်
မဲ့ ဒီကောင်လေးက သူ့ချစ်ရသူဖြစ်နေပြီး သူတို့နှစ်ခါ
တောင် အတူတူနေပြီးပြီဖြစ်သည် ။ အရင်က မျက်နှာ
မမြင်ရခင် ရှည်လျားတဲ့အရပ် တောင့်တင်းကျစ်လစ်
တဲ့ကိုယ်ကြောင့် အရွယ်ရောက်ပြီးသားလူတစ်
ယောက်လို့ ထင်ခဲ့မိသည် ။

အခု ဝင်းမွတ်နေတဲ့ မျက်နှာလေးက ခန္တကိုယ်နဲ့မလိုက်
ကလေးဆန်တယ် ပြောမရ ချောမောတဲ့ယောကျာ်း
လေးပုံဖြစ်နေသည် ။.

ရှောင်ကျန့် ဘေးတစ်စောင်းပုံပြောင်းလိုက်ပြီး မျက်နှာ
နုနုထက်က ဖိပိတ်ထားတဲ့မျက်ခွံလေးတွေကို ကြည့်
လိုက်သည်။ အခုလို အိပ်စက်နေတော့ ထိုမျက်ခွံတွေ
အောက်က စူးရှတဲ့ မျက်လုံးတွေကို မမြင်ရ ။

နှာခေါင်းချွန်ချွန်လေးကို သူ သဘောကျသည် ။

နှုတ်ခမ်းပါးပါးလေးကို အကြည့်ရောက်တော့ ရှောင်ကျန့်
မနေနိုင်ပဲ သူ့နှုတ်ခမ်းဆူလိုက်ပြီး နှုတ်ခမ်းချင်းထိကပ်
လိုက်သည် ။..

ရှောင်ကျန့် ပျော်ရွှင်ရပါသည်  ။ အခုလိုသူ့ရည်မှန်း
ချက်ပြည့်မြောက်အောင် ဝမ်ရိပေါ်ဆိုတဲ့ ဝိဥာဏ်လေး
က သူ့နဲ့အတူရှိနေပေးလို့ ။

" ချစ်တယ် ရိပေါ် "

တိုးတိုးလေး တစ်ခွန်းဆိုပြီး ရှောင်ကျန့် မျက်လုံးမှိတ်ပြီး
အိပ်လိုက်သည် ။မနက်ရောက်ရင် သူစိတ်မဝင်စားတဲ့ အကြောင်းအရာတွေ သင်ယူဖို့သူအားတင်ရဦးမည် ။

ရှောင်ကျန့် အိမ်မက်ကမ္ဘာထဲ ရောက်သွားပြီးမကြာခင်
ဘေးကအိပ်ပျော်နေတဲ့ သူက မျက်တောင်တွေလှုပ်
ရှားလာပြီး မှတ်ချက်ပေးဖူးတဲ့စူးရှရှ မျက်လုံးတွေပွင့်
လာသည် ။

My soulmate(system) Where stories live. Discover now