(75)Daddy's baby

3.5K 342 17
                                    

[ zawgyi ]

ရှောင်ကျန့်ကို ညနေခင်းမှာ ကျောင်းထားပေးဖို့ ဝမ်ရိပေါ်
ကိုယ်တိုင်လိုက်အပ်ပေးသည် ။ ရှောင်ကျန့်က အလယ်
တန်းအသက်ရွယ်ရောက်နေပေမဲ့ မိဘမဲ့ဂေဟာမှာနေ
ခဲ့ရတာကြောင့် အတန်းကနောက်ကျသည် ။ ဒါ့ကြောင့်
ဝမ်ရိပေါ်လည်း မူလတန်းမှာ ကျောင်းအပ်ပေးလိုက်
သည် ။

အပြန်မှာ ခေါင်းလေးငုံပြီးလိုက်ပါလာသူကြောင့် ဝမ်ရိပေါ်
စိတ်မကောင်းပါ ။ မူလတန်းကလေးတွေနဲ့ကွာခြားနေ
တဲ့ ကောင်လေးအရပ်ကြောင့် ဒီကလေးစိတ်မကောင်း
ဖြစ်မယ်ဆိုတာ သူခန့်မှန်းနိုင်သည်။ ဒါပေမဲ့ dominant
ဖြစ်တဲ့အလျောက် သူဘယ်သူအပေါ်မှာ မချော့ဖူးပါ
အဆုံး နူးနူးညံညံပင် မဆက်ဆံဖူး ။ ဒါကြောင့်မို့လည်း
ဘယ်လိုချော့ရမလဲ သူမသိ ။

" အဟမ်း "

ချောင်းဟန့်သံကြားမှ ရှောင်ကျန့် ခေါင်းမော့ပြီးကြည့်
လိုက်သည် ။ ဝမ်ရိပေါ်က သူ့ကိုစိုက်ကြည့်နေပြီး
မကြာပါ လက်တစ်ဖက်ဆန့်ထုတ်လာသည် ။

" ဝမ်းမနည်းနဲ့ "

ရှောင်ကျန့် ကြောင်သွားသည် ။ သူခုနကစဉ်းစားနေ
တာက မူလတန်းသင်ရိုးစာတွေနဲ့ အလယ်တန်းသင်ရိုး
စာတွေပဲ ဖြစ်သည် ။ သူကအရွယ်ရောက်ပြီးသာ
လူဖြစ်တဲ့အတွက် အခြေခံဘာသာစကားတွေပင်
သိသည် ။ အလယ်တန်းပြီးရင် အထက်တန်း အထက်
တန်းပြီးရင် တက္ကသိုလ်ပါတက်ရဦးမည် ။ ဝမ်ရိပေါ်
နဲ့နေချိန်တွေထက် ကျောင်းတက်နေချိန်က ပိုများ
လိမ့်မည် ။

" ဟုတ် အင့် "
ရှောင်ကျန့် ဝမ်ရိပေါ်ရဲနှစ်သိမ့်မှုကိုသဘောကျသွားတာ
ကြောင့် တစ်ချက်ရှိုက်ပြလိုက်သည် ။ တဂယ်
လည်း မငိုပါ ပေါင်ကိုဆိတ်လိုက်တာကြောင့်ရော မူလ
ကိုယ်က ကလေးစိတ်ခံရောရှိတာကြောင့် မျက်ခမ်း
သားတွေရော နှာခေါင်းပါ နီရဲလာသည် ။

" မငိုပါနဲ့ "

ဝမ်ရိပေါ်လည်း ဘာလုပ်လို့ဘာကိုင်ရမလဲမသိဖြစ်သွား
သည် ။ ပြီးခဲ့တဲ့၂၈နှစ်တာအတွင်း ဒီအဖြေရှာရအခက်
ဆုံးဖြစ်လိမ့်မည် ။ သူလည်း မစဉ်းစားတတ်တော့တာ
ကြောင့် ကောင်လေးကိုသူ့ပေါင်ပေါ် ပွေ့တင်လိုက်သည် ။
ကျောလေးကို ပွတ်ပေးရင်း မငိုဖို့ တိုးတိုးလေး
ဆိုလိုက်သည် ။

My soulmate(system) Where stories live. Discover now