(12)[̲̅A][̲̅r][̲̅c] 1̸.9̸

8.1K 745 16
                                    


Z̸a̸w̸g̸y̸i̸

ရှောင်ပါးနဲ့မားက အပြစ်လုပ်ထားတဲ့ကလေးတွေလို
ဒူးထောက်နေကြတဲ့ သုံးယောက်ကိုကြည့်ပြီး သက်ပြင်း
တူတူချကာ

" ထတော့ "

ရှောင်ကျန့်နဲ့ဟူလေးက တက်ကြွစွာထရပ်ကြပြီး ဟူလေး
က ရှောင်ကျန့်လက်ကိုဆွဲပီး

" မား သူတို့က ဖိုးဖိုးနဲ့ဖွားဖွားလားဟင် "
မျက်လုံးလေးတွေက တောက်ပကာ ရွမ်းစိုနေသည်။
ရှောင်ကျန့် ခေါင်းကို ငြိမ့်ပြကာ

" အွန်း ဖိုးဖိုးနဲ့ဖွားဖွားကို နှုတ်ဆက်လိုက်ဦး"

" ဖိုးဖိုး.ဖွားဖွား." ရှောင်ဟူက ပျော်ရွှင်စွာနှုတ်ဆက်သည်။

" သားက ရှောင်ဟူလေးပေါ့"
ရှောင်မားမားက ဟူလေးရဲ့ဝဝဖောင်းဖောင်းပါးလေး
ကိုထိပြီးမေးတော့

" ဟုတ် သားနာမည်က ရှောင်ဟူပါ ဖွားဖွား"

" အဟမ်း "
ချောင်းဟန့်လိုက်တဲ့ ရိချန်ကို မျက်လုံးလေးစုံကလှည့်
ကြည့်လာသည်၊ ဝမ်ရိချန် မျက်လုံးကိုတခြားလှည့်
ပြီး

" ဝမ်ရှောင်ဟူလေ "
ဝမ်ရိချန် စကားကြောင့် ဘာမှမသိတဲ့မားမားက ခေါင်း
ငြိမ့်ပြကာ

" ဝမ်ရှောင်ဟူလေး ဖိုးဖိုးဆီလာပါဦး"

မြေးကိုတွေ့တော့ ချစ်လှစွာသော သားလေးကိုဂျောင်
ထိုးလိုက်တဲ့ ရှောင်ပါးနဲ့မားကို.ထားခဲ့ပြီး ရှောင်ကျန့်
ရိချန်ကို သူ့အခန်းဆီခေါ်လာခဲ့သည်။

အခုမှ ပထမဆုံးရောက်ဖူးတာဆိုပေမဲ့ အငွေ့သက်တွေ
က ရင်းနှီးနေသည်။ ရှောင်ကျန့် သက်ပြင်းချနေတုန်း
အိပ်ယာဘေးက ဓာတ်ပုံကိုအကြည့်ရောက်သွား
သည်။

' fu*k ဘယ်လိုပုံကြီးလဲ'

သူ့ရဲမူလတန်းတုန်းက သွားကျိုးနေတဲ့ပုံကိုလက်လှန်း
နေတဲ့ ရိချန်ကြောင့် အမြန်ပြေးပြီး ဓာတ်ပုံကို
နောက်ဖွက်လိုက်သည်

" ကိုယ်ကြည့်မလို့"

" မ မကြည့်နဲ့ "

ရှောင်ကျန့်ရဲ့ အခက်ခဲတွေ့နေတဲ့ အမူအယာကြောင့်
ရိချန် စချင်တာနဲ့ ရှောင်ကျန့်ကိုယ်လေးကို တပတ်လှည့်
ပြီး ပုံကိုယူလိုက်သည်။

My soulmate(system) Where stories live. Discover now