(69) who?

2.8K 298 16
                                    

[ Zawgyi ]

arc 4.15

ယခင်က မကျိုးသေးတဲ့ကုတင်က အခုတော့တစ်စ
စီကျိုးနေပြီး အိပ်ယာဘေးကနံရံမှာလည်း အပေါက်ကြီး
တစ်ပေါက်ရှိသည် ။ ဖုယင်ကျီးက နံရံက ပေါက်ကို
စိုက်ကြည့်နေပြီး ရှောင်ကျန့်ဘက်လှည့်လာပြီး

'' ကြည့်ရတာ ရဲတွေတောင်မစုံစမ်းနိုင်တာကို ကျွန်
တော်တို့ လိုက်ရတော့မယ် ထင်တယ် "

" အမ် ရဲတွေ မလိုက်နိုင်ဘူးလား "

" အင်းလေ အဲ့တာကြောင့်ပဲ လူသတ်မှူလို့ပဲခေါင်း
စဉ်တပ်ပြီး တစ်ခြားစုံစမ်းရေးတွေလုပ်လို့လဲ "

ဖုယင်ကျီးက မထူးမခြားနားပုံနဲ့ဖြေလာသည် ။

" မင်းက ဘာလို့ ငယ်ငယ်လေးနဲ့အဲ့လောက်သိနေ
တာလဲ "

" ဘာလို့ဆို ကျွန်တော့်အမေက တရားသူကြီးလေ "

" OMG! "

ရှောင်ကျန့် အံသြလွန်းလို့ ဘေးကစဉ်ကိုလက်မှီလိုက်
သည် ။

ဂျိန်း

ရှောင်ကျန့် မှီလိုက်တဲ့စဉ်ကနှစ်ခြမ်းကွဲသွားပြီး အတွင်း
ဘက်မှာ တံခါးတစ်ချပ်ပေါ်လာသည် ။ ဒါ့အပြင် အခန်း
တံခါးလက်ကိုင်ကို V အကြီးထိုးထွင်းထားသည် ။

ရှောင်ကျန့် ဖုယင်ကျီးကိုကြည့်လိုက်တော့ သူ့ကိုလည်း
ကြည့်နေသည် ။ ပြီးမှ မျက်ခုံးပင့်ကာ ဖွင့်ဆိုတဲ့အမူ
အယာပြသည် ။

ရှောင်ကျန့် လက်ကိုင်ကိုဆွဲဖွင့်ကြည့်တော့ တံခါးက
သော့မလိုပဲပွင့်သွားသည် ။ ဒီလိုတိုက်ခန်းမှာ လျို့ဝှက်
ခန်းတစ်ခါပါနေမယ် သူမထင်ထား....

လက်ကိုင်ဘုကိုပါ ထည့်စဉ်းစားရင် ဒီအခန်းက ဟိုလျို့ဝှက်အဖွဲ့အစည်းနဲ့ သက်ဆိုင်နေသလား
ရှောင်ကျန့် တွေးမိသည် ။ အမှန်တဂယ် တံခါး
တွန်းဖွင့်လိုက်တော့ လူတစ်ယောက်စာလျောက်လမ်းတစ်
ခုရှိသည် ။ မှိန်ပြပြအလင်းရောင်နဲ့လမ်းကလည်းကျဉ်း
သည် ။

" ကျွန်တော့်နောက်က လိုက်ခဲ့ "

ဖုယင်ကျီးက ဖုန်းကိုလက်တစ်ဖက်နဲ့ကိုင်ပြီး ရှောင်ကျန့်
ကိုလက်ကမ်းပေးသည် ။

My soulmate(system) Where stories live. Discover now