(37)ယွီဖေးကျင့်

6K 580 7
                                    

𝐀𝐫𝐜 𝟑.𝟐

[ 𝐳𝐚𝐰𝐠𝐲𝐢 ]

ညနေခင်းရောက်မှ အိပ်ပျော်နေတဲ့ကလေးသေးသေး
လေးက မျက်တောင်တစ်ဖျတ်ဖျတ်နဲ့ နိုးလာပြီး အစာရှာ
နေတဲ့ကြွက်လေးလို ဟိုကြည့်ဒီကြည့်လုပ်နေရင်း ထိုင်
နေတဲ့ သူ့ကိုမြင်မှ ခေါင်းလေးငုံပြီး လက်တွေကိုအချင်း
ချင်းပွတ်နေသည် ။

ချစ်စရာကောင်းတဲ့ကလေးရဲ့လက်တွေနီသွားတာကိုမြင်
မှ ယွီဖေးကျင့် ကလေးနားသွားပြီး ကလေးလေးရဲ့လက်
ကို ဆွဲယူလိုက်ပြီး အနည်းငယ်ဆူလိုက်သည် ။
ဒါမှမဟုတ်ရင် ကလေးက ထိုကဲ့သို့ ဆက်လုပ်နေလိမ့်
မည် ။

ဒါပေမဲ့ မမျှော်လင့်ပဲ ကလေးငယ်က တအီးအီးနဲ့ငို
တော့သည် ။

" ဟာ ကလေးလေး မငိုရဘူးလေ ကိုကိုကစတာ
နော် မငိုနဲ့တိတ်တိတ် "

ကလေးငယ်လေးရဲ့အိုးမုတ်ခွက်ပုံ ဆံပင်လေးတွေကို
ပွတ်ပေးလိုက်သည် ။ ကလေးလေးရဲ့ဆံနွယ်လေးတွေ
က စင်းနေပြီး နူးညံလှသည် ။ ယောကျာ်းလေးရဲ့ဆံပင်
က ဒီလောက်ထိနုလို့ ယွီဖေးကျင့် အံ့သြမိသည် ။

systemပြောတာက ဒီကလေးသေးလေးရဲ့နာမည်က
ကျန်းဟဲဟန် ဖြစ်ပြီး ကလေးလေးရဲ့အမေက ကျန်းချင်းလိန်ဖြစ်သည် ။ သူမရဲ့မျိုးရိုးပေးကတည်းက ဒီကလေး
လေးက ဖခင်မရှိဘူးဆိုတာ သိသာသည် ။

" ဟဲဟန်လေး "
ယွီဖေးကျင့် ခပ်တိုးတိုးခေါ်လိုက်တော့ ကလေးလေးက
မျက်လုံးဝိုင်းလေးတွေနဲ့သူ့ကိုမော့်ကြည့်လာကာ

"ဟင်? "

" ကိုကိုနဲ့လိုက်နေမလား?''

" ကိုကို? "
ဒီအခေါ်အဝေါ်ကို ကလေးလေးက နားမလည်သလို သူ့
ကိုကြည့်လာလို့ ယွီဖေးကျင့် သနားစိတ်ကပိုပိုတိုးလာ
သည် ။ မိခင်ပင်မက ဒီကလေးလေးက ဆင်းရဲတာ
ကြောင့် ကျောင်းလည်း မတက်ရသလို ပက်ဝန်းကျင်
နဲ့လည်း အဆက်အဆံမရှိတာကြောင့် ဒီမျှလောက်ဆိုး
ဝါးမှန်း ထင်မထားခဲ့။

" အွန်း ကိုကိုက ဟဲဟန်လေးကိုအခုက စပြီး စောင့်
ရှောက်ပေးမှာ "

" ဒယ်ဒီ! "
ဟဲဟန်ရဲ့ ပါးစပ်က ထိုစကားသံထွက်လာပြီး စိုးရိမ်မှု
တွေပြည့်နေတဲ့ မျက်နှာလေးကို ပြုံးရွှင်သွားသည် ။

My soulmate(system) Where stories live. Discover now