Arc 6.10 [ uni+zaw]

1.4K 121 3
                                    

[ Arc 6 End]

နှစ်တွေအတော်လေးကြာပြီးနောက်, တစ်နေ့မှာပေါ့
ရှောင်ကျန့် ပျင်းရိလေးတွဲစွာနဲ့ အမျိုးတစ်ခြမ်းတူ
တစ်ခြားစက်ရုပ်တစ်ခုနဲ့အတူ ဇာတ်လမ်းတွဲကြည့်နေသည်။ ထိုစဉ် အတော်ကြာပျောက်နေတဲ့ systemရဲ့ အသံထွက်လာလေ၏။

" မဂ်လာပါhost "

" ဘယ်သူလဲ"

စိတ်တိုတိုနဲ့ မသိသလိုမေးလိုက်တဲ့ သူစကားကြောင့် systemလေး အတော်ကြာတိတ်နေသေးသည်။ နောက်မှ

" hostအတွက် မထင်မှတ်ထားတဲ့ missionထွက်ပေါ်လာပါတယ် host"

" အင်း! "

ပျင်းရိတဲ့လေသံနဲ့ပုံပြန်ဖြစ်သွားတဲ့ hostဖြစ်သူကို
ထွေထွေထူးထူးပြောနေချင်တာ ဘာမွမရွိ။ ပြီးမြောက်သွားနေပြီဖြစ်တဲ့missionတိုင်းကို အသိပေးပေမဲ့ ဒီကနေထွက်မသွားချင်သေးပါဘူးတဲ့လေ။ systemကသာအတင်းနှင်ထုတ်ခဲ့ရင် ဂလဲ့စားဆိုတဲ့အဓိပ်ပါယျက ဘာလဲဆိုတာ စနစ်ကောင်စုတ်လေးသိစေရမယ်တဲ့

ကဲ ဘယ်မှာလဲ systemအတွက် တရားမျှတမှု? ။

" hostလုပ်ရမှာက ဇာတ်လိုက်နှစ်ယောက်ကြားကအထင်လွှဲမှုကို ဖြေရှင်းပေးရမှာပါ "

" ဟမ် အထင်လွှဲမှု "

မုန့်အစအနတွေ ပေပွနေတာကိုသုတ်မပစ်နိုင်ပဲ မေးလိုက်သည်။ ဇာတ်လိုက်ကောင်တွေကိုမေ့နေတာကြာရောပေါ့ ။ ထမ်းမြားလက်ထက်ထားတဲ့အကြောင်းကို
ဝမ်ရိပေါ်ပြောပြထားတာကြောင့် အဆင်ပြေမယ်ထင်နေတာ ။ ကျစ်! အလုပ်ကရှုပ်လာပြီ

" ဒါက သေးငယ်တယ်ထင်ရပေမဲ့ ကျွန်တော်အမြင်တော့ relationshipကြားမှာတော့ အတော်လေး
အထင်အမြင်လွဲစရာကိစ္စကြောင့် အထက်ကအမိန့်အနေနဲ့ ကျရောက်လာတာပါ "

အထက်ကဆိုတဲ့ စကားအဆုံးမှာရှောင်ကျန့် ဝုန်းခနဲ
ထရပ်ပြီး ပျင်းရိနေတဲ့အမူအယာတွေ တစ်စက်မှ
မရှိတော့ ။

" ဝိုးးး အထက်ကဆိုရင်အတော်လေးကြီးကျယ်ခမ်းနားတဲ့ အထင်လွဲမှုပဲ ဖြစ်ရမယ်နော်! "

"ဟုတ် မကြာခင် hostဆီကို ဆက်သွယ်ရမဲ့နံပါတ်ကိုပို့ပေးလိုက်ပါမယ် "

My soulmate(system) Where stories live. Discover now