(60) who ?

3.9K 413 11
                                    


arc 4.6

အဆောင်အခန်းမှာ အိပ်နေရင်းရှောင်ကျန့် သက်ပြင်း
ချလိုက်သည် ။ စံအိမ်ကြီးက ပြန်လာပြီးနောက်ပိုင်း
ဇာတ်လိုက်ဖြစ်သူ သူ့ရဲ့ယောကျာ်းကလည်း ပေါ်မလာ
ပေါ်လာအောင်လည်း စည်းကမ်းချက်၁ကို ချိုးဖောက်
ရအောင်လည်း ရှောက်ရန်ဆိုသူက ပျောက်နေသည် ။

မကြာခင် ကျောင်းပိတ်ရက်ရောက်လာတော့မှာဖြစ်
သည် ဒါ့ကြောင့် ဂင်ရန်ရန်က မိဘမဲ့ဖြစ်တာကြောင့်
အဆောင်မှာပဲ နေဖို့ဆုံးဖြတ်ပြီးဖြစ်သည် ။

ပြီးတော့ ဘယ်လူသေတာကိုဖော်ထုတ်ရမလဲလည်း
ရှောင်ကျန့်မသိသေး!

" တောင် "

အိပ်ယာဘေးမှာ တင်ထားတဲ့ ဖုန်းကမြည်လာလို့
ရှောင်ကျန့် အိပ်ယာပေါ်ကထပြီး ဖုန်းကိုယူလိုက်သည်။
အဆောင်ခန်းက အကျယ်ကြီးမဟုတ် အိပ်ယာဘေး
မှာ စားပွဲတစ်ခုနဲ့ ဗီဒိုတစ်ခုသာရှိသည် ။

' ရှောင်ရန်ရန် ~ '

မက်ဆေ့တစ်ဆောင်ဝင်နေတာဖြစ်ပြီး ဖုန်းနံပါတ်က
စိမ်းနေတဲ့အပြင် သူ့နာမည်မြင်လိုက်တာကြောင့်
ရှောင်ကျန့် အံ့သြသွားသည် ။

' ဟုတ်ကဲ့ ဘယ်သူလဲမသိဘူး '

ရှောင်ကျန့် ယဉ်ကျေးစွာပဲ စကားပြန်လိုက်သည် ။
မူလကိုယ်ပိုင်ရှင်ရဲ့ အသိလည်းဖြစ်နိုင်တာပဲလေ

' မင်း ငါ့ဆီလာမလား ငါ မင်းဆီလာရမလား '

အတော်ကြာ တိတ်သွားပြီး ထပ်ရောက်လာတဲ့ စာက
ရှောင်ကျန့်ကို အတွေးများစေသည် ။

ပို့လာတဲ့စာက သူ့ကိုရွေးချယ်စရာပေးပေမဲ့ အမိန့်ပေး
သလိုပင်

သူ့ရဲ့ဖူးစာမှာ အထောက်အပံ့ဖြစ်တဲ့လူတစ်ယောက်အ
ကြောင်းစဉ်းစားမိတော့ ရှောင်ကျန့် စာမြန်မြန်ရိုက်ပို့
လိုက်သည်

' ရှောက်ရန်လား ?မင်းဘယ်တွေ ရောက်နေတာလဲ? '

ရှောင်ကျန့် စာပို့ပြီး မိနစ်နှစ်ဆယ်ထိ တစ်ဖက်က စာ
ပို့မလာ ။ စိတ်ထဲ တစ်မျိုးကြီးခံစားရလို့ systemကို
အကူအညီတောင်းလိုက်ပေမဲ့ ဘာမှမေးမရတာ
ကြောင့် ရှောင်ကျန့် ထပ်စာပို့လိုက်သည်

My soulmate(system) Where stories live. Discover now