(87)arc5

2.4K 258 9
                                    

[ zawgyi ]

ရှောင်ကျန့်ရဲ့တာဝန်အသေးစိတ်က ဗီလိန်လေးနဲ့ပဲသက်
ဆိုင်နေတာဖြစ်သည် ။ ငယ်ဘဝစိတ်ဒဏ်ရာတွေ
နဲ့ ကျိုးရန်ချင်းက အမှန်သနားဖွယ်ကောင်းလှကာ
ရှောင်ကျန့် တာဝန်လို့မသတ်မှတ်ပါ ။ စိတ်ထားကောင်း
ပေးမဲ့ အတိတ်ကအတွေ့အကြုံတွေကြောင့် လူတိုင်းကို
မပေါင်းသင်းမထိတွေ့ရဲတာဖြစ်ပေသည်။

မျက်နှာချင်းဆိုင်စားပွဲမှာ လာထိုင်နေတဲ့ စီနီယာအကိုကြီး
ကိုတော့ ရှောင်ကျန့်လည်း ကြောက်ပါသည်။ ဝမ်ရိပေါ်
ထက်ကို တည်တင်းပြီး စူးရှတဲ့လူသတ်ငွေ့တွေထုတ်နေတဲ့ မျက်ဝန်းတွေကို ရှောင်ကျန့်စိုက်မကြည့်ရဲတာကြောင့်
ခေါင်းငုံထားလိုက်သည် ။

ဗီလိန်လေးကလည်း သူ့နည်းတူကြောက်နေတယ်ဆိုတာ
သူသိပေမဲ့ သူ့တာဝန်ကလည်း ဗီလိန်လေးကိုစောင့်ရှောက်ဖို့ဆိုတာသူသိသည်။

" ဘာလဲ ငါ့မျက်နှာက စားပွဲအောက်မှာရှိတာလား! "
ချန်ရှ မျက်နှာတည်နဲ့ပဲ ရှေ့ကကောင်လေးကိုပြောလိုက်
သည်။ ခပ်အုပ်အုပ်ဆံနွယ်တွေက ခေါင်းငုံထားတာကြောင့် မျက်နှာတစ်ခုလုံးကိုဖုံးထားတာကြောင်ပဲ သူမြင်ရတာ
က ခေါင်းလုံးလုံးသာ ။

" ဟင့်အင်း ရှိပါဘူး စီနီယာ "
ရှောင်ကျန့် systemကို အားကိုးပြီး အရှေ့ကလူကိုပြန်
ဖြေလိုက်သည် ။ ဘာပဲဖြစ်ဖြစ် သူကိုတော့ system
ကာကွယ်ပေးမှာပါ ဟုတ်တယ်မလား

system *........*ဟမ့်!

"မင်းကိုမပြောဘူး "

ရှောင်ကျန့် ရန်ချင်းကို လက်တို့လိုက်သည်။ သူ့ကိုပြော
တာမဟုတ်ဘူးဆိုတော့ ရန်ချင်းပြောတာဖြစ်ရမည်လေ

ကျိုးရန်ချင်း "........ "
ကျိုးရန်ချင်း ခေါင်းမော့ကြည့်လိုက်တော့  ကြောက်စရာ ​.​ကောင်းတဲ့ အကြည့်တွေနဲ့ ကြည့်နေတာကြောင့် ခေါင်းကိုပြန်ငုံထားလိုက်သည်။

ချန်ရှအနည်းငယ်တော့ ကူရာမဲ့သွားသလိုခံစားလိုက်ရသည်။ သူ့ရှေ့ကကောင်လေး နှစ်ယောက်လုံး ခေါင်းပြန်
ငုံသွားကြပြီး သူ့ကိုကြည့်လာခြင်းမရှိ ။ မသိရင် သူက
ကိုက်စားတော့မလို ။ ပြီးခဲ့တဲ့ ၂၃နှစ်တာဘဝကြီးက
သူ့ကိုစနေသလိုပင်။

My soulmate(system) Where stories live. Discover now