(43) ယွီဖေးကျင့်

5.2K 547 7
                                    


Arc 3.9

[ zawgyi ]

နှစ်ယောက်စလုံး ယုံကြည်မှုရှိမယ်လို့ ယွီဖေးကျင့် မျှော်
လင့်သည် ။ ထိုနည်းအတိုင်းပဲ သူ့ရဲ့ အလယ်တန်းကျောင်းတက်ရက်တွေက ဟဲဟန်လေးကို ထိန်းကျောင်းရတာ
ထက်ပိုခက်သည် ။ ဒါပေမဲ့ လိမ်မာပြီး သိတတ်လွန်းတဲ့
ဟဲဟန်လေးက သူ့ကိုအရမ်းဂရုစိုက်သည်

ဥပမာ - သူတစ်ရက်မှာ ကျောင်းဆင်းပြီး ညနေခင်းကနေ
ညချိန်ထိ အချိန်ပိုင်းအလုပ်သွားလုပ်ခဲ့သည် ။ ဟဲဟန်
လေးကတော့ မူကြိုမှ သူ့ဘာသာသူbusနဲ့ပြန်တာပေါ့

မိုးတွေ သည်းကြီးမည်းကြီးရွာချလိုက်တာ အလုပ်ကနေ
အဆင်းဖြစ်သည် ။ သည်းထန်ပြီး အငြိုးကြီးစွာ ရွာသွန်း
တဲ့မိုးတွေက မတိတ်တာကြောင့် သူမိုးရေထဲမှာအိမ်ကို
ပြေးခဲ့လိုက်ရသည် ။

ဒါ့ကြောင့် အိမ်ပြန်ရောက်တော့ ရေမိုးချိုးပြီး ဟန်လေးနဲ့
ညစာစားပြီး  အိပ်နေရင်း အဖျားတက်လေသည် ။
သေလောက်အောင် ကိုက်ခဲနေတဲ့ ခေါင်းကခေါင်းကိုက်
ရောဂါများ ကျွမ်းနေပြီးလားလို့ အောင့်မေ့ရသည် ။

ဒါပေမဲ့ မနက်ကျ လုံးဝပျောက်ကင်းပြီး ကိုယ်လက်ကိုက်
ခဲတာပဲ ကျန်တော့သည်  ။ အံ့သြတကြီး ဘေးကိုကြည့်
တော့ အိပ်ယာဘေးက ရေဇလုံနားမှာ ခွေခွေလေးအိပ်နေ
တဲ့ ဟဲဟန်လေးကြောင့် သူ့အလွန်ပင် အံ့သြသလို ခေါင်း
ကြီးသွားသည်

ကလေးလေးကို နိုးလိုက်တော့ မျက်တောင်ပုတ်ခတ်ခတ်
နဲ့ သူ့နှုတ်ခမ်းကိုကြည့်ပြီး လျာသပ်လိုက်တယ် ပြီးမှ
' ဒယ်ဒီ အဖျားကြီးနေလို့ ရေပတ်တိုက်ပေးတာ 'လို့ပဲ
ပြန်ဖြေလာတယ်

ယွီဖေးကျင့်  ဝမ်းသာသွားတာပေါ့

ကလေးက အဲ့လောက်ထိ သူ့ကို ဂရုစိုက်တယ်ဆိုတာကို

ဒါပေမဲ့ ဒါပေမဲ့ပေါ့ ယွီဖေးကျင့် အိမ်သာသွားတဲ့ခါမှာ အနံ
တစ်မျိုးရတယ် ဆေးနံလိုလိုပေါ့

စိတ်ထဲမထားပဲ ဟဲဟန်လေးကိုသာ တက်ကြွစွာ အသား sandwichတစ်ခုပဲလုပ်ပေးလိုက်တယ်

နောက်ထပ် နောက်ထပ်တွေ  အများကြီး ရှိသေးတာ
ပေါ့....

အခုတော့ သူက အထက်တန်းဂျူနီယာနှစ်ကိုရောက်ပြီး
စာကြိုးစားရမဲ့အချိန်လို့ အတန်းကဆရာမတွေ ပြောနေ
ကြသည် ။

My soulmate(system) Where stories live. Discover now