(57)who?

4.3K 456 12
                                    

4.3
Zawgyi

စံအိမ်ကြီးရဲ့အနောက်ဘက်ကအိမ်သေးသေးလေးထဲမှာ
ရန်ရန်(ရှောင်ကျန့်)  အဖမ်းခံထားရသည်။

ပါးစပ်ကိုတိတ်နဲ့အပိတ်ခံထားရပြီး လက်ကိုလည်းနောက်ပြန်
ချည်ထားခံရသည် ။

* host ရုန်းမနေပါနဲ့ ချည်ထားတဲ့ကြိုးတွေကတအား
ခိုင်တာ host *

" အဲ့တာ မင်းကြောင့်လေ ဟိုကောင်ရှောက်ရန်ကို ငါ့နား
ကပ်ရင် သတိပေးပါဆိုတာကို "

* အဲ့တာ ကျွန်တော် အလုပ်ကိစ္စကြောင့် လိုင်းပေါ်ရှိမနေ
လို့လေ *

" အဲ့ဆို လွန်ခဲ့တဲ့နာရီဝက်က ငါ့ကိုမျက်နှာဖုံးနဲ့ စောက်ရူး
ဇာတ်လိုက်ဖမ်းတုန်းကကျ မရုန်းနဲ့ငြိမ်နေဆို အဲ့ချိန်မင်း
လိုင်းပေါ်ရှိနေတာပဲ ကိုယ့်hostဒုက္ခရောက်တာကို
မကူညီပေးပဲနဲ့"

* အဲ့တာက ကျွန်တော်မတတ်သာလို့ပါ ပြီးတော့host
အခြေအနေကဆိုးတယ်လေ ဒါ့ကြောင့် *

" fu*k အပိုတွေ မပြောနဲ့ ငါလွတ်နိုင်လောက်လား "

* ဟင့်အင်း ဇာတ်လိုက်က hostကိုပထမစည်းမျဉ်းအတိုင်း
အရေးယူလိမ့်မယ် *

" fu*k! "

* ဟုတ်တယ်လေ hostဘာလို့ရှောက်ရန်ကို တွန်းမထုတ်
ပဲ ကြောင်ပြီးရပ်နေလဲ *

" ပြောချင်တာ ငါ့အမှားပေါ့ "

* ဟုတ်တာပေါ့ အယ် hostဇာတ်လိုက်လာနေပါပြီ
မရုန်းနဲ့နော် *

ရန်ရန် စကားပြောနေတုန်း တံခါးကပွင့်သွားပြီး အပြင်
ဘက်က အလင်းရောင်တွေဝင်ရောက်လာသည်။ 

systemပြောလို့ စံအိမ်ရဲ့အနောက်ဘက်ဆိုတာသိရတာ
ဖြစ်သည် ။

ရှည်လျားတဲ့အရပ်နဲ့ ဇာတ်လိုက်အရူးက မျက်နှာဖုံးအနက်
ကိုတပ်ထားပြိး သူရှိရာကို တဖြည်းဖြည်းလျောက်လာ
သည် ။

အခန်းထောင့်ကခုံတစ်လုံးကို ဆွဲယူပြီး သူနဲ့မျက်နှာချင်း
ဆိုင်ထိုင်ကာ အေးစက်စက်အသံပြန့်လွှင့်လာသည်

" ရန်ရန်...ကိုယ်ဘာပြောထားလဲ "

ရှောင်ကျန့်ကတော့ ပါးစပ်အပိတ်ခံထားရတာကြောင့်
တဝူးဝူးအသံပဲထွက်လာသည် ။

My soulmate(system) Where stories live. Discover now