(62) who?

3.7K 388 14
                                    

arc 4.8

[ zawgyi ]

ရောက်လာတဲ့သူနဲ့ သူတို့နှစ်ယောက်ရဲ့တွေ့ဆုံမှုက
သိပ်တော့မကောင်း ဒေါသထွက်နေပုံရတဲ့ဖုယင်ကျီးက
ကန်တင်းမှာ ထိုင်နေတဲ့ ရှောင်ကျန့်လက်ကိုဆွဲပီး
ကျောင်းအနောက်ဘက် လူပြတ်တဲ့နေရာထိ ဆွဲခေါ်
လာခဲ့သည် ။

နေ့လည်စာစားချိန်ဖြစ်တာကြောင့် လမ်းတစ်လျောက်လုံး
လူတွေကို သိပ်မတွေ့.. သိတဲ့လူနည်းပေမဲ့ အခုလို
ယောကျာ်းလေးတစ်ယောက်က သူ့ကိုဇွတ်ဆွဲလာ
တာ ရန်ဖြစ်ဖို့ မဟုတ်ပဲ ဖောက်ပြန်နေတဲ့ ရည်စား
ကောင်မလေးကို ကောင်လေးက ဒေါသထွက်နေပုံ
ထင်ရသည် ။

မြေကြီးပေါ်မှာပေါ်နေတဲ့ သူတို့နှစ်ယောက်အရိပ်ကို
ကြည့်လိုက်ပြီး အရိပ်ကလည်း ကြည့်ကောင်း
နေတယ်လို့ ခပ်ကြောင်ကြောင်တွေးလိုက်သည် ။

အခုဖုယင်ကျီးက အတော်ချောသည် ။ ၁၈နှစ်အရွယ်
သာဖြစ်ပေမဲ့ ခန္တာကိုယ်အရွယ်အစား အရပ်အမောင်း
အားလုံးက သူ့ထက်ပင် သာလွန်နေသည် ။

ချောမောလှပတဲ့ ရုပ်ရည်ရော အပါအဝင်ပေါ့...

" အာ့ "

အတွေးတွေ များနေတုန်း လက်ကောက်ဝတ်က နာကျင်
မှုကြောင့် ရှောင်ကျန့် အသိဝင်ပြီး အရှေ့ကလူကို
မော့ကြည့်လိုက်တော့ သူ့ကိုကြည့်နေတဲ့ စူးရှတဲ့
မျက်ဝန်းနဲ့ အကြည့်ချင်းဆုံသွားသည်။

ိထိုမျက်ဝန်းတွေထဲမှာ ဒေါသနဲ့သူ့ကိုဝါးစားချင်နေတဲ့
အရိပ်အယောင်တွေ တွေ့ရလို့ ရှောင်ကျန့်လန့်
ပြီး နောက်ကိုနှစ်လှမ်လောက်ဆုတ်ဖို့ လုပ်ပေမဲ့
ဖုယင်ကျီးရဲ့သန်မာတဲ့လက်မောင်များကြားမှာ လှုပ်
တောင် မလှုပ်သွား..

" မင်း မင်း.. "

" ခင်ဗျား အခုထိ အဲ့ကောင်ပေါ်စိတ်မပြတ်သေးဘူး
လား"

ခပ်အုပ်အုပ်အံ့ကြိတ်သံနဲ့ ပြောလာပြီး ခါးကိုအာနဲညစ်
လိုက်တာကြောင့် ရှောင်ကျန့်မှာ အင့်ခနဲ

ဖုယင်ကျီးရဲ့မျက်နှာက ဒေါသထွက်နေတာတောင်
ချောမောပြီး ကြည့်ကောင်းနေတုန်းဖြစ်သည် ။

" ခင်ဗျား... ဒီကလူပြောနေတာကိုတောင်ပြန်မဖြေ
လောက်အောင် အဲ့အလောင်းကောင်နားက အဲ့ရှောက်
ရန်ဆိုတာာကို တွေးနေတုန်းလား..."

My soulmate(system) Where stories live. Discover now