Arc 6.1 [ uni+ zaw ]

3.2K 218 18
                                    

I'm non-human

မျက်လုံးနှစ်လုံးဖွင့်လိုက်တော့ မြင်နေရတဲ့ ပတ်ဝန်း
ကျင်က မှောင်မိုက်နေသည်။ အလင်းဖျော့ဖျော့
ထွက်နေတဲ့ တစ်ခုတည်းသော နေရာက သူ့ရဲ့
လက်ကောက်ဝတ်က သတ္တုလက်ပတ်လေးဖြစ်
သည်။ အပြာရောင်ဖျော့ဖျော့ထွက်နေကာ ပတ်
ဝန်းကျင်တစ်ခုလုံးကို မမြင်နိုင် ။ ခန္တာကိုယ်ကလည်း
လှုပ်လို့မရ ။ သေတ္တာလား ပုံးတစ်ခုခုထဲရောက်နေ
တာဖြစ်သည်။ လက်တစ်ဖက်ကို မပြီး အရှေ့ဘက်
ကို ကြည့်လိုက်တော့ သူထင်တဲ့အတိုင်း ပလတ်စတစ်နဲ့ အလုံပိတ်ထားတဲ့ ပုံးတစ်ခုတည်း
ရောက်နေတာဖြစ်သည်။

ဒီနေရာမှာ သူတစ်ယောက်ထဲရှိနေတာလား သူမသိ
လက်ကောက်ဝတ်က အလင်းဖျော့ဖျော့က အပြင်
ဘက်ကိုထိ မထိုးဖောက်နိုင် ။ သူ့ကိုယ်ရဲ့
လှုပ်ရှားမှုက လူသားတစ်ယောက်လိုထိ မမြန်ဆန်
အလုံပိတ်ထားတဲ့ ပုံးထဲ သူဘယ်လောက်ကြာကြာ
နေနိုင်မလဲ?

ဟင်?

မယုံကြည်ရတဲ့ systemကတော့ ကျင့်ဝတ်ကိုစောင့်
ထိန်းသည်။ အရင်ကမ္ဘာတုန်းက ဘာဖြစ်တာလဲတောင် မမေးရသေး

' system!! system..... ဟေ့ '

ဒါအအေးခန်းများလား ?

ရှောင်ကျန့် တွေးမိသည်။ ဘာလို့ဆို သူ့နှာဝမှာ
ဘာလေမှမရှိ ။ ရှုလည်း မသွင်း ရှုလည်း မထုတ်

သေလူကြီးလား?

သူ့လက်ကောက်ဝတ်ကို ပြန်ကြည့်လိုက်တော့
ဘေးပတ်လည်က သတ္တုကြိုးဖြစ်ပြီး အပြာရောင်
လင်းနေတဲ့ နေရာမှာ ဓာတ်ခဲတစ်လုံးစာလောက်
သာရှိတဲ့အတုံးလေးဖြစ်သည်။

" ကျွန်တော်တို့ သယ်လာပါပြီ boss"

" အင်း အထိအခိုက်မရှိစေနဲ့! "
လေထုထဲက ပျံ့လွှင့်လာတဲ့ လေသံကသူနဲ့ဝေးပုံမရ။
နောက်တော့ သံတံခါးပွင့်သွားသံနဲ့အတူ စူးရှတဲ့အလင်းရောင်က အလုံပိတ်မှောင်မည်းနေတဲ့အခန်း
ထဲ ဝင်ရောက်လာသည် ။ သူ့ဦးနှောက်ထဲကလှုပ်ရှားသံကိုပင်ပြန်ကြားနေရသည်။

ထို့နောက် ဇစ်ဖွင့်သံနဲ့အတူ အရှေ့ဘက်ကလူနှစ်
ယောက်က သူ့ကို အလျားလိုက်သယ်မလိုက်သည်။
သူ့ခန္တာကိုယ်အောက်ပိုင်းကလှုပ်လို့မရ

My soulmate(system) Where stories live. Discover now