(83) Arc5

2.6K 256 22
                                    

Arc 5
Daddy's baby

အဖိုးတန်တဲ့ အချိန်တွေကအကုန်မြန်လွန်းတယ်လို့
ဝမ်ရိပေါ် ခံစားနေရသည် ။ ဒီနေ့ထွက်သွားပြီးရင်
နောက် နှစ်ဝက်ဆိုတဲ့ ပိုသာပိုမယ် လျော့မယ်ဆိုတာ
မရှိတဲ့ နေ့ရက်တွေမှာ သူကလေးနဲ့ဝေးရမယ်ဆိုတဲ့
အသိက သူ့ရင်ကိုအပြင်းအထန်နာစေသည်။

ကလေးရဲ့နွေးထွေးလွန်းတဲ့ကိုယ်သေးလေးက သူ့ကို
ပျော်ရွှင်စေသည်။ အိပ်နေတဲ့ ကလေးမျက်နှာလေးကို
ငုံကြည့်ရင်း သက်ပြင်းတိုးတိုးလေးချလိုက်သည် ။

" ကလေး~"

" အင်း ဟင် daddy ဘယ်တုန်းကနိုးနေတာလဲ "

အခုမှ နိုးလာပြီး မျက်လုံးလက်နဲ့ပွတ်နေတဲ့ လက်လေး
တွေကို ဆွဲယူကာ

" အိပ်လို့ကောင်းရဲ့လား "

" အင်း "

" ထတော့ "

...

နှစ်ယောက်လုံး တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ပြီး မှ
ရှောင်ကျန့် အိပ်ယာဘေးက luggageအိတ်ကိုမြင်
ကာမှ ဒီနေ့က အရေးကြီးတဲ့နေ့ဆိုတာသတိရသည် ။
နဖူးကို လက်နဲ့ရိုက်ပြီး systemကို

' မင်း ဘာလို့သတိမပေးတာလဲ! '

* မထင်ဘူးလေ hostရယ်*

တစ်နေ့တခြား လက်ပေါက်ကပ်လာတဲ့ system
ဟာ အရင်လို ချစ်စရာလေး မဟုတ်တော့
အကျင့်တွေပြင်ထားတဲ့ သူကလည်း ထပ်ဆဲတော့
မည် မဟုတ် ။ အဲ့တာကြောင့် systemကို အလွတ်
ပေးလိုက်မယ်လို့ ဆုံးဖြတ်လိုက်သည် ။

ရှောင်ကျန့် မီးဖိုချောင်ရောက်တော့ ဝမ်ရိပေါ်
က စွပ်ပြုတ်ကိုပန်းကန်ထဲပြောင်းထည့်နေတာဖြစ်
သည် ။ ရှောင်ကျန့် ကိုမြင်တော့

" ကျန့်ကျန့် ထိုင် "

မနက်စာအတွက် စွပ်ပြုတ်နဲ့ဖြည့်စွက်စာကိုစားပွဲပေါ်
ပြင်ပေးလိုက်သည် ။ ကလေးက genderမကွဲသေး
ပေမဲ 100%သူယုံကြည်သည် ။ ဒါ့ကြောင့်
ကလေးကို အာဟာရပြည့်ဝဖို့နဲ့စားသောက်နေထိုင်ဖို့
သူ့လက်ထောက်ကို ကလေးအနားထားခဲ့မည်။
သူ့မှာ လက်ထောက်နှစ်ယောက်ရှိတဲ့အတွက် ကလေး
အတွက် ထားခဲ့တာ အဆင်မပြေမဖြစ်။

My soulmate(system) Where stories live. Discover now