(46) ယွီဖေးကျင့်

5K 550 12
                                    


[ zawgyi ]

arc 3..12

ဟဲဟန် အိမ်ပြန်ရောက်တဲ့အထိ ယန်ဝမ့်ဖုန်းထဲက အပိုင်း
တွေကို အာရုံထဲက မထုတ်နိုင် ။ လိင်တူချစ်သူအချင်းချင်းက ပိုင်ဆိုင်လိုစိတ်ကြီးမားကြသည်တဲ့ ၊၊ အကယ်လို့
များ ဒယ်ဒီသာ အခြားတစ်ယောက်ကိုကြိုက်ပြီး သူ့ကို
ထားသွားခဲ့ရင်

သော့ဖွင့်ပြီး အိမ်ထဲဝင်နေတဲ့ ယွီးကျင့်ကို အနောက်ကနေ
ဖက်ထားလိုက်သည် ။ ဒီကိုယ်လေးကို သူများကို မပေး
ချင်တာ အမှန်ပင်

" ဟန် ဘာဖြစ်လို့လဲ "
တင်းကြပ်စွာ ဖက်ထားတာကြောင့် ယွီဖေးကျင့်မေးလိုက်
သည်

.''.............''
ပြန်ဖြေမလာ ဒါပေမဲ့ သူ့ပခုံးပေါ်က စိုလာတာကြောင့်
ဒီကလေး ငိုနေပြီဆိုတာ သိလိုက်သည်

" ကဲ ကလေးလည်း မဟုတ်တော့ပဲ မငိုပါနဲ့တော့
ဘာဖြစ်လာတာလဲ ကျောင်းမှာ ဟန်ကို အနိုင်ကျင့်
အယ် မဟုတ်ဘူး ရန်ဖြစ်ခဲ့လို့လား! "

" မဟုတ်ဘူး! "

" ဟမ် အဲ့ဆို ဟန် ဘာဖြစ်တာလဲ မငိုနဲ့လေ !"
ယွီဖေးကျင့် နားမလည်စွာပြောမိသည် ဟဲဟန်ကအခုထိ
မျက်ရည်တွေ ကျနေတုန်းဖြစ်သည် ။

" ဘာမှမဟုတ်တော့ဘူး ကျွန်တော် ရေချိုးသွားလိုက်ဦး
မယ်! "

ဟဲဟန်က ပြောပြောဆိုဆိုနဲ့တစ်ပတ်တစ်ထည်ဆွဲယူလိုက်ပြီး ရေချိုးခန်းကို လျောက်သွားသည် ။

' ဟဲဟန် ဘာဖြစ်နေတာလဲ '

* ကျွန်တော့အထင့် ဟဲဟန် ဝမ်းနည်းနေတာပါ
စိတ်အားငယ်စရာတစ်ခုခုကြုံခဲ့လို့ပဲ ဖြစ်မယ် *

' မင်းလည်း ဘယ်တော့မှ တိတိကျကျမသိဘူး '

systemကို အော်လိုက်သည်

* hostကလည်း *

ချွဲနွဲ့နေသံကို လျစ်လျုရှုပြီး ရေချိုးခန်းထဲက ငိုနေမဲ့ကလေးကိုသာ သွားချော့ဖို့ တွေးပြီး ဝင်သွားလိုက်သည် ။

ရေချိုးခန်းထဲမှာတော့ ဟဲဟန်က အဝတ်အစားတွေချွတ်
နေရင်း စိတ်တည်ငြိမ်သွားပြီဖြစ်သည် ။ ဘာပဲဖြစ်ဖြစ်
ဒယ်ဒီက သူဆိုတဲ့ဟဲဟန် တစ်ဦးတည်တည်းအပိုင်
ထာဝရပါပဲ

My soulmate(system) Where stories live. Discover now