(29)𝘿𝙚𝙖𝙧 𝙀𝙢𝙥𝙧𝙚𝙨𝙨

7.2K 619 6
                                    


𝐀𝐫𝐜 𝟐.𝟏𝟏( 𝐝𝐞𝐚𝐫 𝐞𝐦𝐩𝐫𝐞𝐬𝐬)

[ zawgyi]

ဈေးကပြန်လာပြီး တစ်ညလုံးရှင်းချန် ရှောင်ကျန့်ပြော
သွားတဲ့ စကားတွေကိုသာ ကြားယောင်မိနေပြီး ထိုပြတ်
သားတဲ့မျက်ဝန်းတွေက သူ့ကိုတစ်ခုခုပြောချင်းနေမှန်း
သိသာသည် ။ ဒါ့ကြောင့် ညသန်းခေါင်ကျော်မှ ကိုယ်ရံ
တော် တစ်ယောက်ကို ရှောင်အိမ်တော်က ရှောင်ကျန့်
မင်္ဂလာကိစ္စအကြောင်း.စုံစမ်းစေလိုက်သည် ။

ခဏအကြာ ကိုယ်ရံတော်ပြန်ရောက်လာပြီး

" ကျွန်တော် စုံစမ်းခဲ့ရသလောက်တော့ ရှောင်သခင်
လေးက ဝမ်မျိုးရိုးအစေခံနဲ့ပက်သက်မှုမရှိပါဘူး
ဒါပေမဲ့ ရှောင်အမတ်ကြီးက မယုံတော့ ရပ်ဆိုင်းထား
ရတယ်လို့ မင်္ဂလာပွဲမကျင်းတာလို့ ပြောကြပါတယ် "

" သိပြီ "

ရှောင်အိမ်တော်က အိမ်တွင်းရေးတင်းကြပ်တယ်ဆို
ပေမဲ့ သူမသိနိုင်တာဘာမှမရှိ ဒါပေမဲ့ ဒီတစ်ခါတော့
ရှင်းချန် အကြောင်းစုံမသိရှိရ ။ ရှင်းချန် ရှောင်ယန်ကို
သံသဖြစ်မိသွားသည် ၊၊ ဒါ့ကြောင့် သူကိုယ်တိုင်ပဲ စုံစမ်း
တော့မယ်လို့ ဆုံးဖြတ်လိုက်သည် ။

ရှောင်အိမ်တော်အနောက်ဘက် အိမ်ဝန်းအသေးလေးထဲ
က ရင်ခွင်အကျယ်ကြီးထဲကောင်လေးကတော့ system
ပြောပြတာကိုနားထောင်ပြီး တဟီးဟီးရယ်ကာ သဘော
ကျနေလျက်....။

.........

မနက်ခင်းနေရောင်ခြည်က ခန်းစီးလိုက်ကာကြားမှ အိပ်
ယာပေါ်က ကောင်လေးဆီဖြာကျနေသည် ၊၊ ရိပေါ် သူ့
လက်မောင်းထဲ ငြိမ်းချမ်းစွာ အိပ်ပျော်နေတဲ့ကောင်လေး
ကို ကြည့်ပြီး တစ်ခါမှ မငြိမ်းချမ်းဘူးတဲ့ သူ့စိတ်တွေက
ငြိမ်းချမ်းနေသည် ။ မနေကပြင်းထန်ထံတဲ့လေ့ကျင့်ခန်း
က ဒီကောင်လေးသူ့ကိုကြောက်သွားပြီလားလို့ စိုးရိမ်ခဲ့
ရသေးသည် ။

( n' ယူပဲစိုးရိမ် ယူပဲငြိမ်းချမ်း)

တစ်ကျီကျီအော်နေတဲ့ ငှက်သံများကြောင့်လား သူ့ရဲ့
နှလုံးခုန်သံကြောင့်လား မသိ လူးလွန့်လာပြီး ဆွဲဆောင်
မှုရှိတဲ့ မျက်လုံးလေးတွေက သူ့ကိုကြည့်လာခဲ့သည်။
ရိပေါ် နှလုံးက ထိုမျက်ဝန်းတွေကြောင့် ပိုခုန်လာပြီး
ဒီကောင်လေးကို ချစ်စိတ်တွေပိုပိုတက်လာသည်။ အစ
တွေ့ကတည်းက ဒီကောင်လေးက သူ့နှလုံးသားကလစ်လပ်နေတဲ့ကွပ်လက်ဆိုတာ နားလည်ခဲ့သည် ၊၊

My soulmate(system) Where stories live. Discover now