(36)ယွီဖေးကျင့်

7K 607 11
                                    


𝐀𝐫𝐜 𝟑.𝟏

[ 𝐳𝐚𝐰𝐠𝐲𝐢 ]

ရှောင်ကျန့် systemအော်ပြောတဲ့အတိုင်း ထိုမိန်းကလေး
ကို ဆွဲလိုက်ပေမဲ့ မိန်းကလေးလက်ထဲက ကလေးကိုသာ
ဆွဲမိလိုက်ပြီး ထိုမိန်းကလေးကတော့ အဝေးပြေးလမ်း
ပေါ်ရောက်သွားပြီး မျက်နှာချင်းဆိုင်က ကားနဲ့တိုက်မိ
တော့သည် ။

ကလေးကိုဆွဲလိုက်တဲ့သူ့အားကမသေးတာကြောင့်
သူရောကလေးပါ လမ်းတစ်ဖက်ပေါ်လှဲကျသွားသည်။
သူ့ရင်ဘက်ပေါ်က ကလေးလေးက ရှောင်ကျန့်ကို
မော့်ကြည့်လာပြီး နှုတ်ခမ်းတစ်လှုပ်လှုပ်နဲ့ မျက်လုံးရွဲကြီး
တွေက မျက်ရည်တွေ ရစ်သိုင်းလာသည် ။ နှုတ်ခမ်း
သေးသေးလေးကလည်းမဲ့သွားပြီး မကြာခင် ငိုမဲ့အရိပ်
ယောင်ကြောင့် ရှောင်ကျန့် အမြန်ထလိုက်သည် ။

ပြီးမှ ကလေးသေးလေးကိုပွေ့ချီပြီး ကျောလေးကိုပွတ်သပ်
ပေးလိုက်ပြီး နူးညံညင်သာတဲ့အသံနဲ့ချော့လိုက်သည် ။

" မငိုပါနဲ့ ကလေးလေးရယ် တိတ်နော် တိတ်တိတ် "
ရှောင်ကျန့် ကိုယ့်အသံကို အသံကြိက်သွားသည် ။
သူ့အသံက အေးအေးလေးနဲ့ဆွဲဆောင်မှုရှိတဲ့အသံဖြစ်
သည် ။ ခန္တကိုယ်အချိုးအစားအရ ၁၃ ၁၄ အရွယ်သာ
ရှိသေးတဲ့ ကောင်ငယ်လေးတစ်ဦးဖြစ်နိုင်သည် ။

သူ့အသံက လုံခြုံမှုရှိတယ်လို့ ခံစားရလို့ထင် ကလေး
သေးသေးလေးက မငိုတော့ပဲ ရှိုက်လျက် သူ့ပခုံးပေါ်
အိပ်ပျော်သွားသည် ။ ရှောင်ကျန့်လည်း ဟူလေးကို
(arc1က ရှောင်ကျန့်ကလေး) ထိန်းဖူးတာကြောင့်
ကလေးရဲ့ကျောကိုပွတ် ဖင်ကိုပုတ်ပေးနေလိုက်သည် ။

မကြာပါ အဝေးပြေးလမ်းတစ်ဖက်မှာ ရဲကားတွေနဲ့ပြည့်
ကြပ်သွားသည် ။ CCTV မှတ်တမ်းအရ သေကြောင်း
ကြံစည်တာဖြစ်လို့ အမှုထဲမှာ ပါဝင်တဲ့ရှောင်ကျန့်က ကွင်း
လုံးကျွတ်သံသယမရှိ လွတ်ခဲ့သည် ။

ကလေးအမေက ငယ်ရွယ်တဲ့မိန်းကလေးဖြစ်ပြီး ခင်ပွန်း
မရှိပဲ ကလေးလေးကိုမွေးခဲ့တာဖြစ်သည် ။ ဆင်းရဲတဲ့
တောသူမဖြစ်သူ သူမကမြို့တက်ပြီး အနုပညာလမ်းကို
ချစ်ရတဲ့ ချစ်သူကြောင့် လျောက်လှမ်းခဲ့သည် ။

My soulmate(system) Where stories live. Discover now