Arc 7 [ uni+ zaw ]

1.8K 137 15
                                    


...Arc 7 ပြန်လည်မွေးဖွားလာတဲ့ဇာတ်လိုက်က ငါ့ကိုသတ်ဖို့မစောင့်နိုင်တော့ဘူးတဲ့

" ပြီးမြောက်ဖို့ တာဝန်ဘယ်နှစ်ခုကျန်သေးလဲ? "

" ဟုတ် hostအနေနဲ့ mission၆ခုကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပြီးဖြစ်ပါတယ် hostအတွက်ကျန်ရှိနေတဲ့missionက ၃ခုပါ "

" အင်း မင်းသိလား ငါရဲ့နောက်ထပ်missionက
ဘယ်လိုမျိုးဖြစ်လိမ့်မယ်လို့ "

" အမ် hostကောင်းကောင်းဖြတ်ကျော်ခဲ့တာကြောင့်
hostရဲ့ဇာတ်ကောင်က ကောင်းမွန်လောက်မှာပါ "

" ဖွီ ဟားးးဟားးးး "

ရှောင်ကျန့် မထိန်းနိုင်တော့ပဲ အော်ရယ်မိသည်။
သူတို့အခုရောက်နေတာက sytemရဲ့နေရာလွတ်တစ်ခုမှာ ရောက်နေတာဖြစ်ပြီး ရှောင်ကျန့် ပျင်းနေတာကြောင့် ကြမ်းပြင်မှာပဲလှဲအိပ်နေတာဖြစ်သည် ။

" မင်းရဲ့အသံရော အမူအယာကအရမ်းလေးနက်နေတဲ့ပုံက အရမ်းရယ်ရတာပဲ system "

" ဟေ့ ဟေ့ တိတ်လှချည်လားကွာ မင်းကလဲ
စိတ်မဆိုးပါနဲ့ လာပါ စကားပြောရအောင် "

ရှောင်ကျန့် တစ်ဟီးဟီးနဲ့အူမြူးနေသည် ။ အချိန်ကြာလာတာနဲ့အမျှ ရှောင်ကျန့်ကတော့systemလေးကို သံယောစဥ်လည်းရှိ မစပဲလည်း မနေနိုင်အောင်ပင်။

"ဘုရား ဘာကြီးလဲ ကယ်ပါဦးsystem "

ကြမ်းပြင်က အဆုံးမရှိတဲ့ အတွင်းကြီးလို ပေါက်ထွက်သွားပြီး ရှောင်ကျန့် ဝဲဂယက်တစ်ခုရဲ့စုပ်ယူခြင်းကို ခံလိုက်ရသည် ။ systemကို အကူညီတောင်းပေမဲ့ ဟမ့်'ဆိုတဲ့ အသံလေးသာ တိုးတိုးလေးကြားလိုက်ရပြီး ရှောင်ကျန့် အသိစိတ်အလုံးစုံက
အမှောင်ဖုံးသွားတော့သည်။

ထိတ်လန့်နေတဲ့hostဖြစ်သူရဲ့ မျက်နှာကို systemလေးကြည့်ရင်းပျော်ရွှင်နေတာကြောင့် သူ့ခန္တကိုယ်လေးကို လှုပ်ရမ်းနေမိသည် ။ ထိုအချိန်

" တိန်! တိန်! တိန် တောင်"

ဘယ်ကရောက်လာမှန်းမသိတဲ့ ဘယ်အရာမှန်းမသိတဲ့ အရာတွေကြောင့် systemကိုယ်လေးလှုပ်ရမ်းခါသွားကာ အသံမျိုးစုံပင် ထွက်သွားတော့သည် ။နောက်တော့ အမူးလွန်သွားတဲ့systemလေး သူကိုယ်တိုင်ဖန်တီးထားတဲ့ ဝဲဂယက်ထဲ ကျရောက်သွားတော့သည် ။

My soulmate(system) Where stories live. Discover now