(25)𝘿𝙚𝙖𝙧 𝙀𝙢𝙥𝙧𝙚𝙨𝙨

7.4K 696 14
                                    

𝘼𝙧𝙘 2.7 ( 𝙙𝙚𝙖𝙧 𝙚𝙢𝙥𝙧𝙚𝙨𝙨)

𝒁𝒂𝒘𝒈𝒚𝒊

ခါးကိုတင်းကြပ်စွာ ပွေ့ဖက်ထားရုံပင်မက တစ်ဖြည်းဖြည်း
လျောကာ တင်ပါးထိရောက်လာတော့မဲ့လက်ကြောင့်
ရှောင်ကျန့်ကိုယ်လေး တောင့်ခနဲဖြစ်သွားပြီး ထိန်း
ထားတဲ့လူကို လွှတ်ချမိတော့မတတ်ဖြစ်သွားတယ်
ပခုံးပေါ် ခေါင်းမှီနေတဲ့ ထိုလူက အလိုက်မသိစွာ တစ်
ဖူးဖူးနဲ့လေတွေကို သူ့ဘက်မှုတ်ထုတ်နေလို့ လည်ပင်း
ကပါ ယားတားတားဖြစ်လာတော့

' system...... system....'

*..............*

' hey system လို့ fu*k '
ပြန်ဖြေသံပင်မရတဲ့ အသုံးမကျတဲ့ systemကိုနောက်မှ
ကြိမ်းမောင်းမယ်လို့ မှတ်ထားရင်း သတိမေ့နေလား
မမေ့လားမသိတဲ့ ဒီရှည်မြောမြောကောင်ကိုသာ
၁၆နှစ်အရွယ် ဒီရှောင်မျိုးရိုးက ထိန်းပြီး လမ်းကျဉ်းကျဉ်း
လေးကိုထပ်ဖြတ်သွားလိုက်လေ ၏ ။

မသိစိတ်က တိုက်တွန်းမှုကြောင့် အပြင်ဘက်လမ်းမှာ
ရပ်စောင့်နေတဲ့ အရပ်ရှည်ရှည်လူတစ်ယောက်ကြောင့်
ကိုယ့်ကိုကိုယ်ကျေးဇူးတင်လိုက်သည် ။
ဇာတ်လိုက်တစ်ခုခုဖြစ်ရင် ဘာမှမလုပ်တတ်တဲ့သူက
ဒုက္ခတွေ့မှာစိုးလို့ အားနန်ကို ၁၀မိနစ်နေရင် အကူလွှတ်
ခိုင်းခြင်းပင် ။

ရှိသမျှ သူ့ကိုအသိပေးတဲ့ နတ်မင်းတွေကို ကျေးဇူးတင်
လိုက်ပြီး ဒီရှည်ရှည်မြောမြောလူကို ပေးအပ်လိုက်တော့
သည် ။

ဒီလိုဆိုတော့လည်း ဇာတ်လိုက်က သနားစရာကောင်းသည် ။ အားနန်လွှတ်ပေးလိုက်တဲ့သူက ဘုမသိဘမသိ
အိမ်ရှေ့စံမင်းသားလို့ပင် မထင်ပဲ ကျောပေါ်သဲအိပ်တင်
သလို ပစ်တင်လိုက်တာကြောင့် လည်ပင်းကိုနှစ်သက်
တဲ့ ရှောင်ကျန့်မနေနိုင်တော့ပဲ

" သူ့ကို ကောင်းကောင်းသယ်ပါ အာ ကျောပိုးတာ
ပိုကောင်းတယ် "

ခေါင်းသာငြိမ့်ပြတဲ့ ဒီလူကလည်း သူ့အပေါ်ရိုကျိုးတာလား
ဘာလား မသဲကွဲ ။ ဒါပေမဲ့ သူ့စကားနားထောင်စွာ
တော့ တယုတယမဟုတ်တောင် ကောင်းကောင်းတော့
ဇာတ်လိုက်တစ်ယောက် အချီခံရတယ် ။

အရွယ်ရောက်ပြီး လူတစ်ယောက်ကိုသယ်တာတောင်
သူ့ထက်မြန်နေတဲ့ ဒီလူကို သူတောင်သံသယရှိမိတယ်
ရှောင်ကျန့်အတွက် အမြန်ဆုံးလို့တောင် ထင်ရလောက်
တဲ့ခြေလှမ်းတွေကတောင် သူ့ရှေ့ကကုန်းပိုးထားတဲ့
လူကို မမှီ ။ နောက်လည်း လှည့်မကြည့် တစ်ဖြည်း
လူတွေကြား ကုန်ပိုးထားတဲ့လူတစ်ယောက်ပျောက်ကွယ်
သွားတယ်

My soulmate(system) Where stories live. Discover now