(38)ယွီဖေးကျင့်

5.6K 582 14
                                    


𝑨𝒓𝒄 3.3

[ 𝒛𝒂𝒘𝒈𝒚𝒊 ]

နောက်နေ့မနက်မှာ ယွီဖေးကျင့်နိုးလာတော့ အတော်ပင်
နောက်ကျနေသည် ။ မနက်ခင်း အချိန်ပိုင်းလုပ်တစ်ခု
ရှိတာကြောင့် အိပ်ယာမှ ပျင်းပျင်းနဲ့ထမလို့လုပ်ပေမဲ့
လက်မောင်းက လေးလံတဲ့အရာကြောင့်ငုံကြည့်လိုက်
တော့ ဆံပင်တွေရှုပ်တဲ့ထိ အိပ်ပျော်နေတဲ့ ကောင်သေး
လေးကို တွေ့လိုက်ရသည် ။

ဟန်လေးနဲ့စတွေ့တဲ့ရက်မှာ အလုပ်မသွားတော့ဘူး
လို့ ဆုံးဖြတ်ကာ အိပ်ပျော်နေတဲ့ကောင်လေးနိုးလာမဲ့
အချိန်ကို စောင့်နေပေမဲ့ နာရီဝက်ကြာသည်ထိ နိုးမ
လာတော့ ယွီဖေးကျင့်နိုးလိုက်တော့သည် ။

" ဟန်လေး ဟန်လေး ထတော့နော် "

" ဒယ်ဒီကလေးလေး.....  "
ထတော့လို့ မပြောခင် ကလေးလေးက နိုးလာပြီးသူ့ကို
ပြုံးပြလာသည် ။

" ဒယ်ဒီ "

ကလေးလေးရဲ့ အပြုံးကတောက်ပလွန်းသည် ။
သွားချွန်လေးတွေ ပေါ်အောင်ရယ်ပြနေတဲ့ကလေးလေး
ကဖြူစင်လွန်းသည် ။ သူမတိုင်မှီ မိခင်တစ်ဦးသာ
ထောက်တိုင် အနေနဲ့ရှိခဲ့တဲ့ ကလေးက သူ့မိခင် ဒါဏ်
ရာရနေပြီး အိပ်ယာက မထိုင်နိုင်ဘုးဆိုတာ သူမပြော
တတ် ။

" ဒယ်ဒီ မင်းကို မျက်နှာသစ်ဖို့ ခေါ်သွားပေးမယ်"

"ဟုတ် "
ကလေးလေးက ချီဆိုတဲ့သဘောနဲ့ သူ့ကိုလက်ဆန့်တန်း
ပေးလာတယ် ကြည့်ရတာ အကျင့်ထင်ပါတယ်

ယွီဖေးကျင့်လည်း ပြုံးလိုက်ပြီး ကလေးလေးကို ပွေ့ချီ
လိုက်သည် ။

မျက်နှာသစ် သွားတိုက်ခြင်းကို ဟန်လေးက တက်ကြွစွာ
ပူးပေါင်းပေးသည် ။

ဟန်လေးကို မနက်စာသွားဝယ်ဖို့ ထားခဲ့ကာ ဆေးရုံ
ရှေ့က ဆန်ပြုတ်ဆိုင်ကို အပြေးသွားလိုက်သည် ။

ဟန်လေးရဲ့ အခန်းနဲ့သုံးခန်းကျော်မှာ ဟန်လေးမိခင်
ရှိသည် ၊၊ ယွီဖေးကျင့် ခြေလှမ်းတွေကိုရပ်လိုက်ပြီး
တံခါးကို တွန်းဖွင့်ပြီး ဝင်ခဲ့လိုက်သည် ။

ပတ်တီးတွေနဲ့ သူမက အောက်ဆီဂျင်ပိုက်အကူအညီနဲ့
အသက်ဆက်နေရသည် ။ ဆေးရုံစရိတ်ကို သူမကို
တိုက်မိတဲ့ ကားက မေတ္တာနဲ့ အပြီးအစီးတာဝန်ယူ
ခဲ့သည် ။ ဒါ့ကြောင့် ယွီဖေးကျင့် အသက်ရှုချောင်ခဲ့သည်။

My soulmate(system) Where stories live. Discover now