(73)Daddy's baby

4.1K 362 12
                                    

[ zawgyi ]

arc 5.2

" . ​ကလေးတွေအတွက်တော့ သတင်းကောင်းပါပဲ "

" ဒေါက်တာ ကလေးတွေ အဆင်ပြေကြရဲ့လား "

" ဟုတ်ကဲ့အဆင်ပြေပါတယ် body check upလည်း
လုပ်ပြီးပြီ စိတ်ရောဂါဆရာတွေနဲ့ပါ ပြထားပြီးပြီပါပြီ
ဒါပေမဲ့ ဟွမ်ပေါင်ပေါင်ဆိုတဲ့ ကလေးက အတော်လေး
ငိုနေပါတယ် ရဲမေ "

ရှောင်ကျန့်တို့ကို ခေါ်လာတဲ့ ရဲမေလည်း အခုမှ သက်ပြင်
ချနိုင်တော့သည် ။ ဒီလူကုန်ကူးအဖွဲ့ကို နိမ်နှင်းနိုင်တာ
အနာဂတ်ကလေးတွေရော ကမ္ဘာကြီးအတွက်ပါ အဆင်
ပြေသည် ။ လူပေါ်လူချင်းအမြတ်ထုတ်ပြီး.စီးပွားရှာတဲ့
ထိုလူတွေကို သူမနားမလည်

" လက်ထောက်ရဲမေဗျ ကလေးတွေအကုန်အဆင်
ပြေရဲ့လား "

ကပ္ပတိန်ရဲ့လက်ထောင်မှူးက လာမေးတာကြောင့်
သူမ လေးလေးစားစားပြန်ဖြေပေးလိုက်ရသည် ။

" ဟုတ် ခန္တကိုယ်ပိုင်းလည်း အကုန်အဆင်ပြေပါတယ်
စိတ်ရောဂါဆရာဝန်တွေနဲ့လည်း ပြပြီးပြီလို့ ပြော
ပါတယ် "

" အို လက်ထောက်ရဲမေ တာဝန်ကျေပါတယ်
ကျွန်တော်ပဲ သူတို့ကို ဆက်စောင့်ပြီး ကပ္ပတိန်ဆီ
တင်ပြလိုက်ပါမယ်ဗျ "

သူမလည်း တစ်ချက်ပြူံးပြီး ပင်ပန်းနေတာကြောင့်
လက်ခံလိုက်သည် ။

" ဟုတ် ကပ္ပတိန် အကုန်လုံးအဆင်ပြေပါတယ် "

" ငါပြောတာ ဟိုအသက်အကြီးဆုံးကလေးလေး "

ချင်းရန် နားမလည်လို့ ခေါင်းကုတ်လိုက်သည် ။
ပြီးမှ ဥာဏ်ထဲပေါ်လာတာ ကပ္ပတိန်ငေးနေတဲ့
ကလေးလေး

" ဟုတ် ဟုတ် အဲ့ကလေးလေးလည်း အဆင်ပြေပါတယ်
အခုတော့ အိပ်ပျော်နေကြပါတယ် "

ဖုန်းတစ်ဖက်က အတော်တိတ်ဆိတ်သွားသည် ။
ချင်းရန်လည်း ကပ္ပတိန်ဝမ်ပြောတဲ့ ကောင်လေးကို
ရှာလိုက်တော့ သိပ်တောင် အချိန်မယူလိုက်ရပါ
ချက်ချင်း ကွေးကွေးလေးနဲ့ ကောင်သေးလေးကို
တွေ့တော့သည် ။

ခြေရင်းက ကဒ်မှာတော့ 'ရှောင်ကျန့်' တဲ့

" သူ့နာမည်က ဘယ်သူလဲ ဘယ်လိုဂေဟာကို
ရောက်လာတာလဲ မင်းစုံစမ်းထား "

My soulmate(system) Where stories live. Discover now