Arc 6.5 [uni+zawgyi]

1.8K 181 22
                                    


သိပ္ပံခေတ်ရဲ့ ညနေခင်းမှာ ရှုခင်းတွေကြည့်ကောင်းလား? ပြင်ပအဆောက်အဦးတွေက ဘယ်လိုလဲ
သူမမြင်ဖူးသေးပါ ။ ကူးပြောင်းလာကတည်းက
ကုတင်ပေါ်မှာပဲ ကုန်ဆုံးနေရတဲ့ အချိန်တွေကြောင့်
ရှောင်ကျန့် ရည်မှန်းချက် ပိစိလေးထွက်လာသည်။
systemပြောထားတဲ့ မိုးမျှော်တိုက်အကြီးကြီးတွေ
လေထဲလွှင့်နေတဲ့ ကားတွေ သယ်ယူပို့ဆောင်ရေး
ယာဥ်တွေတို့ နေရာအနှံက လူသားလုပ်သားမဟုတ်ပဲ
စက်ရုပ်လုပ်သားတွေတို့ အလိုအလျောက် စကား
ပြောစက်တို့ 3Dပိုစတာတွေ မြင်ချင်ပါသေးသည်။

ဒါပေမဲ့ လည်ပင်းတစ်လျှောက်နမ်းရှုံနေတဲ့ ဝမ်ရိပေါ်ကို သူ့ဆန္ဒတွေ ပြောပြဖို့မရဲပေ။ သူနဲ့ယှဥ်လိုက်ရင်ကလေးအရွယ်ဆိုပေမဲ့ ဟိုနေရာမှာ ကြမ်းတမ်းတယ်ဆိုတာ ဝါရင့်တဲ့သူ့ဝိဥာဏ်လေးကို

" အင့် "

တစ်နေ့တစ်ခြားပျော့ပြောင်းလာကာ လူသားတစ်ဦး
လို ခန္တာကိုယ်တစ်ခုလုံးထိန်းချုပ်နိုင်ပြီး နာကျင်မှုနဲ့
ခံစားတတ်မှုကို ခံစားနိုင်ခဲ့သည်။
ဒါကို ဝမ်လည်း သိရယ်သားနဲ့ စမ်းသပ်ချင်တယ်ဆိုကာ နမ်းရှုံနေတာ သူ့တစ်ကိုယ်လုံးမလွတ်ပေ။
နှုတ်ခမ်းတစ်ခုကိုပဲ ဖယ်ပြီး ဆံပင်ပါးပါးလေးတွေကနေ ခြေထောက်တွေထိ နမ်းရှုံပါသည် ။ အသား
အရည်ကလည်း ဖြူစွတ်စွတ်ကနေ အနီရောင်သမ်း
လောက်တဲ့ထိ အမှတ်အသားတွေက ထင်းနေ
လေတဲ့အပြင် အဝတ်အစားက ဝတ်ရတာရှားသည်။

" ဘာလဲ "

ဝမ်ကိုယ်တိုင်လည်း ဒီကောင်လေးရဲ့မျက်ဝန်းတွေထဲက မျှော်လင့်ချက်ရောင်ခြည်သမ်းနေတာ မြင်သည်။
သူအမှတ်အသားပေးနေတာတောင် အရင်လို
နာတယ် ဘာညာမပြောတော့တာကြောင့် သူ့ကို
တောင်းဆိုမဲ့အရာတစ်ခုခုဆိုတာ သိပေမဲ့။
ခွင့်ပြုနိုင် မပြုနိုင်ကတော့ တောင်းဆိုတဲ့အရာကို
သိပြီးမှလေ

အခုတော့ သူ့တဆန္ဒအတိုင်း လည်ပင်းသားတွေကို
တစ်တိတိကိုက်နေလိုက်သည်။ သူဒီလိုနမ်းရ ရှုံရတာ
ကို စွဲလမ်းနေပြီထင်ပါသည် ။ လူသားတစ်ဦးလို
အသားအရည်က နွေးမနေပေမဲ့ ဘယ်ဘက်ရင်အုံနား
က လှုပ်ခတ်နေတဲ့ သံစဥ်တွေကို နားထောင်ရတာ ကြိုက်လာသလို တစ်ခုခုမကြိုက်ရင် ဆူတတ်တဲ့
နှုတ်ခမ်းလုံးလုံးလေး ။ ဝမ် ကိုယ်တိုင်လည်း
သူ့စိတ်တွေ ကမောက်ကမဖြစ်ပြီး ထိန်းနိုင်ဖို့ နောက်
ကျသွားတာကို သိသည် ။ ဘယ်တတ်နိုင်မလဲ
တစ်ခုခုကို သဘောကျရင် အဆုံးထိပိုင်ဆိုင်လိုက်
ရမှ ဆိုတဲ့ သူ့အကျင့်က ဒီလူကြောင့် ဖြစ်မယ် ။

My soulmate(system) Where stories live. Discover now