Arc 6.2 [ uni+ zaw ]

2K 206 18
                                    

part 93

[ unicode ]

ရှောင်ကျန့် ပြန်နိုးလာတော့ ကုတင်တစ်လုံးပေါ်လှဲ
နေရတာဖြစ်သည် ။ ထဖို့လုပ်တော့ ခေါင်းမှာတပ်
ထားတဲ့ ကြိုးတွေကြောင့် ထမရ ။ အခန်းကလည်း
ပြောင်းသွားပြီး အနက်ရောင်အခန်းတစ်ခုဆီရောက်
နေခြင်း ။ သူရဲ့ဝိဥာဏ်က လူသားအသိဖြစ်ပေမဲ့
ကိုယ်ကစက်ရုပ်ပုံစံဆိုတော့ စိတ်သွားတိုင်းကိုယ်မပါသလို ခန္တာကိုယ်လှုပ်ရှားမှုက ခက်ခဲသည် ။

နေသားကျအောင် ဖြည်းဖြည်းချင်းခေါင်းကိုစောင်းရင်း စူးခနဲကျင်တက်လာတဲ့လည်ပင်းကြောင့် ရှောင်ကျန့် တစ်မျိုးခံစားလိုက်ရသည် ။ သူခန္တာကိုယ်ကို ခံ
စားနေနိုင်ပြီလား?

သူမအိပ်ပျော်သွားခင် မေးစေ့ကနာတယ်ဆိုတာက
အတုအယောင်ပင် ။ ပင်ပန်းပြီး ပြီးခဲ့တဲ့ကမ္ဘာက
ခံစားချက်တွေကြောင့် စိတ်တွေရှုပ်ထွေးနေကာ
ပင်ပန်းလွန်းတယ် အနားယူမှရမယ်လို့ တွေးမိခဲ့လို.
ပင် ။

" အာ့ နာလိုက်တာ "

အနောက်ဘက်ကရော ထပ်ပြီး နာကျင်လာတာကြောင့် ရှောင်ကျန့်အတော်လေးထိတ်လန့်သွားသည် ။
သူ သူစက်ရုပ်လေ ခုနကသူကြားပါတယ် သူ
စမ်းသပ်ဖို့လိုသေးတယ်လေ

စိတ်တွေပြာယာခတ်နေတုန်း ဒီကမ္ဘာရဲ့ထူးဆန်းတဲ့
သူ့ရဲ့တည်ရှိပုံကို စဥ်းစားမိတော့ သူပါးစပ်ဟောင်း
လောင်းဖြစ်သွားသည် ။

ဝမ်းအင်တူသရီး အစ်အီးကွဲ သရီး အင်တွိုက်

' အီးဟီး အရင်ကမ္ဘာတုန်းကသောင်းကြမ်းခဲ့သမျှ
ဝဋ်လှလှတော့ လည်ပြီထင်တယ် '

* ဟုတ်တယ် လှပတဲ့ ဝဋ်ကြွေး *

' ဒီဖေ systemကောင်!!! '

* ဟာဗျာ ဘာလို့ကျွန်တော်ကိုဆဲရတာလဲဗျ!? *

' ကောင်စုတ်လေး အရင်ကမ္ဘာတုန်းက ဘာဖြစ်တာ
လဲပြောမပြပဲ ငါ့ကိုအတင်းနောက်တစ်ကမ္ဘာပို့တယ်
လေ ပြော ဝမ်ရိပေါ်ကို ထုတ်လိုက်တယ်ဆိုတာ '

* ဟာဗျာ * systemဦးနှောက်ခြောက်ရပြီလေ
ရှင်းပြလို့မရတဲ့အခြေအနေကြောင့်

* hostချစ်သူက လိုက်လာမှာပါဗျ ပြီးခဲ့တဲ့ ကမ္ဘာက
အနှောင့်အယှက်တစ်ခုကြောင့်ပါ *
system မရုတ်မလွန်ပြောပြလိုက်သည် ။

My soulmate(system) Where stories live. Discover now