Arc 6.8 [ uni+zaw ]

1.5K 165 20
                                    

(unicode)

" နံပါတ်တစ်ဆိုရင် ကိုယ့်ဆီခေါ်တာပဲ နှစ်ကိုနှိပ်လည်း ကိုယ့်ဆီပဲ သုံးဆိုလဲ ကိုယ့်ဆီပဲ တစ်ခြားဂဏန်းတွေလည်း အကုန် ကိုယ့်ဆီပဲရောက်မှာ
ဒါ့ကြောင့်မို့ အရေးကြီးရင်လှမ်းဆက် အို အရေးမကြီးလည်း ဆက်လိုက်လို့ရတယ် "

ထိုသို့ မှာသွားပြီး ရှောင်ကျန့်တစ်ယောက် အခန်းထဲ
မှာ ကျန်ခဲ့သည် ။ လီရှောင်ကျယ်ရဲ့ ​နေ့တိုင်းရေကုန်ရေးခမ်းကြိုးစားအားထုတ်မှာကြောင့် အကျိုးအမြတ်တော့ရပြီလေ ။ နေစဥ်မပြတ် ဘော့စ်ဝမ်ကို လာရောက်တွေ့ဆုံခြင်းနောက်မှာတော့ ဘော့စ်
ဝမ်က သူနဲ့တိုက်ရိုက်တွေ့ဆုံခြင်း ။

လီရှောင်ကျယ် အရှေ့မှာ ထိုင်နေတဲ့ ဘော့စ်ဝမ်ဆိုတဲ့ကောင်လေးကို မယုံကြည်ခြင်းများစွာနဲ့ ကြည့်နေမိသည်။ အသက်၁၆လောက်ပဲရှိသေးမည့်ကောင်လေးက စျေးကွက်ထဲ အလွန်နာမည်ကြီးအောင်မြင်နေပါတဲ့ zip productရဲ့ bossတဲ့လား

တစ်ခါမှ မမြင်ဖူးပေမဲ့ ဒီလောက်ထိငယ်ရွယ်ပြီး
ထက်မြက်လိမ့်မယ်လို့ မထင်တား ။ အံသြမှု
နဲ့ အတူအချိန်ခဏယူပြီး အရှေ့က ခပ်တည်တည်
နဲ့ကောင်လေးကို

" မင်းက bossဝမ်ပေါ့ "

" အရမ်းစကားများတယ် သိစေချင်တာတစ်ခုက
ခင်ဗျားမှာထားတဲ့ productက ချို့ယွင်းချက်အနည်းငယ်ဖြစ်သွားလို့ အသစ်ပြုပြင်ပေးနေတယ်
နောက်ပတ်လောက်ထိစောင့်နေရင် စက်ရုံပေါက်ဝ
ကိုလာခဲ့လိုက်ပါ "

" oh! "

ထို့သို့သာပြောပြီး လက်ထောက်နှစ်ယောက်နဲ့အတူ
ထွက်သွားတဲ့ ပုံရိပ်လေးကို ငေးရင်း လီရှောင်ကျယ်
တစ်ယောက် ဆိုင်ထဲမှာ အကြာကြီးထိုင်နေမိသည်။
နေ့နဲ့ညဆိုတာ အချိန်သတ်မှတ်ချက်က သိပ်ပြီး
ကွာခြားမှု မရှိတာကြောင့် အချိန်ကန့်သတ်နဲ့ဖွင့်တဲ့
ဆိုင်လေးက ပိတ်ချိန်ရောက်လာကြောင်း စက်ရုပ်ဝန်ထမ်းတစ်ယောက် လာပြောမှ လီရှောင်ကျယ်သိ
သည် ။

အပြင်ကိုထွက်လိုက်တော့ မရွာတာကြာပြီဖြစ်တဲ့
မိုးများကလည်း သူ့စိတ်ခံစားချက်နဲ့တိုက်ဆိုင်
စွာ ရွာသွန်းလာသည်။ ဗိုလ်ချုပ်တစ်ယောက်အနေ
နဲ့ ကြိုးစားခဲ့မှုတွေ ရှိပေမဲ့ သူ့ကြိုးစားမှုတွေက
ခုနကbossကောင်လေးလောက် မထူးချွန်သလို
သူ့ကိုယ်သူလည်း သိမ်ငယ်တယ်ဆိုတဲ့ ခံစားချက်
ကြီး ဝင်လာတော့ စိတ်ညစ်ညူးလာသည်။
ကမ္ဘာမြေကနေ ထွက်ခွာလာပြီး နေရာသစ်မှာတော့
ဆင်တူတဲ့နေရာများစွာရှိသည်။ ဥပမာ bar တို့
clubတို့ပေါ့

My soulmate(system) Where stories live. Discover now