Full Story Description

25.5K 696 6
                                    

[Unicode]
ဇာတ်လမ်းရဲ့ ပဲ့ကိုင်သူက ဆရာဝန်တစ်ဦးပါ။ နာမည်လေးက အရမ်းလှတယ်နော်။ ဒေါက်တာ နေ့လင်းရောင်ခြည်တဲ့။

တစ်နေ့တော့ နေ့လင်းရောင်ခြည်ဟာ သထုံမြို့လေးမှာ သူ့မိဘနဲ့ တစ်ဦးတည်းသောညီလေးအတွက် နှစ်ပတ်လည်အလှူသွားလုပ်ပေးပြီးအပြန်မှာ ခရေပန်းရောင်းတဲ့ မိုးသားနယုန်ဆိုတဲ့ ကောင်လေးကို ကားနဲ့ တိုက်မိတယ်။ ဒီကောင်လေးကို မြင်မြင်ချင်းမှာ သူအရမ်း အံ့သြသွားရတယ်။

ကောင်လေးဟာ သူနဲ့ အသက် ကွာလွန်းပေမယ့် ကောင်လေးရဲ့ မျက်နှာဟာ ဆုံးသွားတဲ့ သူ့ညီလေးနဲ့ သိပ်တူလွန်းလို့ မြင်မြင်ချင်းမှာပဲ အချစ်ပိုခဲ့ရတယ်။ ကောင်လေးရဲ့ နိမ့်ပါးလွန်းတဲ့ ဘဝအခြေအနေကို မြင်တွေ့ရတဲ့အခါ ကရုဏာသက်လွန်းလို့ ဘွဲ့ရပညာတတ်ဖြစ်အောင် ပညာသင်ပေးမယ်ဆိုပြီး မန္တလေးကို ခေါ်သွားတယ်။

ဥယျာဥ်မှူးဆိုတာ လန်းတင့်ပါစေရယ်လို့ ပန်းကိုသာ ပျိုးချင်ကြတာ၊ ကြွေလင့်ပါစေရယ်လို့ ပန်းကလေးကို ခြွေချင်ကြတာ မဟုတ်တဲ့။ ဥယျာဥ်မှူးဘဝကို ခံယူထားတဲ့ နေ့လင်း ရောင်ခြည်ဟာ သူ့ရဲ့အသိစိတ်မှာ ကောင်လေးကို ညီလေးအဖြစ်နဲ့ ချစ်ရသလို သူ့ရဲ့မသိစိတ်ကပါ ချစ်သူလို ချစ်မိနေကြောင်း ကိုယ့်ကိုယ်ကိုယ် သိရှိသွားတဲ့အခါ သူ့ရင်ထဲက အချစ်တွေကို ကောင်လေး သိအောင် ဖွင့်ဟဝန်ခံမလား။ မိဘတွေ မရှိတော့လို့ သူ့အတွက် အမေလိုဖြစ်နေတဲ့ အဒေါ်ကရော သူတို့နှစ်ယောက်ကို သဘောတူနိုင်ပါ့မလား။

ကိုကိုက မင်းကို အမြင့်ဆုံးမှာပဲ ထားချင်တာဆိုတဲ့ သူ့ရဲ့ဆန္ဒအတိုင်း ကောင်လေးရဲ့ဘဝကို မြင့်သထက် မြင့်အောင် ဘယ်လို ပျိုးထောင်ပေးမလဲ။ ရွှံ့စေးကို မခြောက်ခင်မှာ လိုရာပုံကို သွင်းလို့ရတယ်ဆိုတဲ့ သူ့ရဲ့ ခံယူချက်အတိုင်း ကောင်လေးကို ဘယ်လိုတွေ ထိန်းကျောင်းပဲ့ကိုင်ပေးမလဲ။ ကိုကိုက မင်းအတွက်ဆိုရင် ဘယ်တော့မှ မမောဘူးလို့ ပြုံးပြုံးလေးနဲ့ ပြောတတ်တဲ့ ရောင်ခြည်ဟာ သူချစ်နေတဲ့ကောင်လေးကို ပိုင်ဆိုင်သူတစ်ယောက် ဖြစ်လာနိုင်ပါ့မလား။

ဦးဟာ ကျွန်တော့်အိပ်မက်ဦး။ ဦးဟာ ကျွန်တော် လေးစားမြတ်နိုး စံပြုရတဲ့ ကျွန်တော့် Idol ပါလို့ အမြဲပြောတတ်တဲ့ မိုး သားနယုန်ကရော သူ့ဦးရဲ့ ဆိတ်ငြိမ်လွန်းတဲ့အချစ်ကို စောင့်ဆိုင်းနိုင်ပါ့မလား။ ကိုယ်နဲ့ရွယ်တူ ကိုယ့်ကို အသည်းအသန် လိုက်နေတဲ့ ရွယ်တူကောင်လေး မိုးထက်ကြယ်ရဲ့ အမှောင်ပိုက် ကွန်ထဲမှာ ဖမ်းချုပ်မခံရအောင် မိုးသားနယုန်တစ်ယောက်ဘယ်လိုတွေ ရှောင်တိမ်းရုန်းထွက်မလဲ။ အဆုံးသတ်ကို သိချင်ရင် Fiction ကို အစအဆုံး ဖတ်ကြည့်ပါရှင်။

☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

[Zawgyi]
ဇာတ္လမ္းရဲ႕ ပဲ့ကိုင္သူက ဆရာဝန္တစ္ဦးပါ။ နာမည္ေလးက အရမ္းလွတယ္ေနာ္။ ေဒါက္တာ ေန႕လင္းေရာင္ျခည္တဲ့။

တစ္ေန႕ေတာ့ ေန႕လင္းေရာင္ျခည္ဟာ သထုံၿမိဳ႕ေလးမွာ သူ႕မိဘနဲ႕ တစ္ဦးတည္းေသာညီေလးအတြက္ ႏွစ္ပတ္လည္အလႉသြားလုပ္ေပးၿပီးအျပန္မွာ ခေရပန္းေရာင္းတဲ့ မိုးသားနယုန္ဆိုတဲ့ ေကာင္ေလးကို ကားနဲ႕ တိုက္မိတယ္။ ဒီေကာင္ေလးကို ျမင္ျမင္ခ်င္းမွာ သူအရမ္း အံ့ၾသသြားရတယ္။

ေကာင္ေလးဟာ သူနဲ႕ အသက္ ကြာလြန္းေပမယ့္ ေကာင္ေလးရဲ႕ မ်က္ႏွာဟာ ဆုံးသြားတဲ့ သူ႕ညီေလးနဲ႕ သိပ္တူလြန္းလို႔ ျမင္ျမင္ခ်င္းမွာပဲ အခ်စ္ပိုခဲ့ရတယ္။ ေကာင္ေလးရဲ႕ နိမ့္ပါးလြန္းတဲ့ ဘဝအေျခအေနကို ျမင္ေတြ႕ရတဲ့အခါ က႐ုဏာသက္လြန္းလို႔ ဘြဲ႕ရပညာတတ္ျဖစ္ေအာင္ ပညာသင္ေပးမယ္ဆိုၿပီး မႏၲေလးကို ေခၚသြားတယ္။

ဥယ်ာဥ္မႉးဆိုတာ လန္းတင့္ပါေစရယ္လို႔ ပန္းကိုသာ ပ်ိဳးခ်င္ၾကတာ၊ ေႂကြလင့္ပါေစရယ္လို႔ ပန္းကေလးကို ေႁခြခ်င္ၾကတာ မဟုတ္တဲ့။ ဥယ်ာဥ္မႉးဘဝကို ခံယူထားတဲ့ ေန႕လင္း ေရာင္ျခည္ဟာ သူ႕ရဲ႕အသိစိတ္မွာ ေကာင္ေလးကို ညီေလးအျဖစ္နဲ႕ ခ်စ္ရသလို သူ႕ရဲ႕မသိစိတ္ကပါ ခ်စ္သူလို ခ်စ္မိေနေၾကာင္း ကိုယ့္ကိုယ္ကိုယ္ သိရွိသြားတဲ့အခါ သူ႕ရင္ထဲက အခ်စ္ေတြကို ေကာင္ေလး သိေအာင္ ဖြင့္ဟဝန္ခံမလား။ မိဘေတြ မရွိေတာ့လို႔ သူ႕အတြက္ အေမလိုျဖစ္ေနတဲ့ အေဒၚကေရာ သူတို႔ႏွစ္ေယာက္ကို သေဘာတူနိုင္ပါ့မလား။

ကိုကိုက မင္းကို အျမင့္ဆုံးမွာပဲ ထားခ်င္တာ ဆိုတဲ့ သူ႕ရဲ႕ဆႏၵအတိုင္း ေကာင္ေလးရဲ႕ ဘဝကို ျမင့္သထက္ ျမင့္ေအာင္ ဘယ္လို ပ်ိဳးေထာင္ေပးမလဲ။ ႐ႊံ႕ေစးကို မေျခာက္ခင္မွာ လိုရာပုံကို သြင္းလို႔ရတယ္ဆိုတဲ့ သူ႕ရဲ႕ ခံယူခ်က္အတိုင္း ေကာင္ေလးကို ဘယ္လိုေတြ ထိန္းေက်ာင္းပဲ့ကိုင္ေပးမလဲ။ ကိုကိုက မင္းအတြက္ဆိုရင္ ဘယ္ေတာ့မွ မေမာဘူးလို႔ ၿပဳံးၿပဳံးေလးနဲ႕ ေျပာတတ္တဲ့ ေရာင္ျခည္ဟာ သူခ်စ္ေနတဲ့ေကာင္ေလးကို ပိုင္ဆိုင္သူတစ္ေယာက္ ျဖစ္လာနိုင္ပါ့မလား။

ဦးဟာ ကြၽန္ေတာ့္အိပ္မက္ဦး။ ဦးဟာ ကြၽန္ေတာ္ ေလးစားျမတ္နိုး စံျပဳရတဲ့ ကြၽန္ေတာ့္ Idol ပါလို႔ အၿမဲေျပာတတ္တဲ့ မိုး သားနယုန္ကေရာ သူ႕ဦးရဲ႕ ဆိတ္ၿငိမ္လြန္းတဲ့အခ်စ္ကို ေစာင့္ဆိုင္းနိုင္ပါ့မလား။ ကိုယ္နဲ႕႐ြယ္တူ ကိုယ့္ကို အသည္းအသန္ လိုက္ေနတဲ့ ႐ြယ္တူေကာင္ေလး မိုးထက္ၾကယ္ရဲ႕ အေမွာင္ပိုက္ ကြန္ထဲမွာ ဖမ္းခ်ဳပ္မခံရေအာင္ မိုးသားနယုန္တစ္ေယာက္ဘယ္လိုေတြ ေရွာင္တိမ္း႐ုန္းထြက္မလဲ။ အဆုံးသတ္ကို သိခ်င္ရင္ Fiction ကို အစအဆုံး ဖတ္ၾကည့္ပါရွင္။

မိုးနတ်သား၏ ကြယ်နှင်တံ [Completed]Where stories live. Discover now