[Unicode]
အဖြူရောင်ဆေးတွေ သုတ်ထားသော တစ်ထပ်တိုက်ပု အိမ်ကလေးမှာ လူမရှိသလို တိတ်ဆိတ်နေသည်။ အိမ်ရှေ့ဧည့်ခန်းမှာ ချထားသော ဆိုဖာခုံရှည် ပေါ်မှာ မိုးထက်နှင့် ထူးတို့နှစ်ယောက် ထိုင်နေကြသည်။ ဆက်တီစားပွဲပေါ်မှာ အရက်ပြန် စိမ်ပြီးသား တစ်ခါသုံးဂွမ်းချပ်တွေ ထည့်ထားတဲ့ ဘူးအဝိုင်းပြားကို တင်ထားသည်။ နောက်ထပ်မြင်ရတာက လက်သည်းဆိုးဆေး အကြည်ရောင်။
ထောက် .. ထောက် .. ထောက် .. !!
"ကိုကို လှလှလေး ညှပ်နော်"
"အင်းပါ "
"ပြီးရင် အရောင်တင်ပေးဦးနော်"
"အင်း "
"ဘေးဘက်တွေ မပေစေနဲ့ သေချာအာရုံစိုက်"
"အင်းပါ ဟုတ်ပါပြီ၊ ကလေးကို လုပ်ပေးနေကြပဲ၊ ကိုကိုကျွမ်းနေပြီ"
ထူးက ကိုကို့ရင်ခွင်ထဲမှာ ကိုကို့ရင်အုပ်ကြီးကို ခပ်လျှောလျှောလေး ကျောမှီထားသည်။ ကိုကိုက ထူးရဲ့ လက်ချောင်းလေးတွေကို တစ်ချောင်းစီမှ
တစ်ချောင်းစီ ဂရုတစိုက်ကိုင်တွယ်ပြီး လက်သည်း ညှပ်ပေးနေသည်။အရင်က ထူးရဲ့လက်သည်းတွေက ပုတိုတိုလေး။ ရှည်လာတာနဲ့ အကုန် ညှပ်ပစ်ခဲ့တာ။ ကိုကိုက ထူးကို ပြန်ချစ်သည့်နေ့ကစလို့ အိမ်အလုပ်တွေဆိုလည်း လှည့်ကြည့်နေစရာမလိုအောင် ကိုကိုပဲ ဒိုင်ခံလုပ်သည်။ ထူးက မေမေ့အိမ်မှာလို မင်းသားလေး ပြန်ဖြစ်သွားသည်။
အခုလို ကျောင်းပိတ်ရက်တွေဆိုရင် ကိုကိုအလုပ်ရသည်။ ထူးရဲ့လက် ကလေးကို တယုတယကိုင်ပြီး လက်သည်းကို ပုံသွင်းပေးသည်။ စိတ်ရှည်ရှည်နဲ့
လက်သည်းဆိုးဆေး အကြည်ရောင်လေးတွေ ဆိုးပေးတတ်သည်။ဖူး .. ဖူး ... !!
"လေနဲ့မှုတ်ပေးနေတာ ခြောက်သွားပြီ ထင်တယ် ကိုကို"
ကိုကိုက စိတ်တိုင်းကျ ထူးရဲ့ညာလက်ကလေးကို လက်သည်း ညှပ်ပေး နေသည်။ လက်သည်းအရောင်တင်ပြီးသွားတဲ့ ဘယ်လက်ကလေးကို လေထဲမှာ ထောင်ပြီး မှောက်ချည်လှန်ချည် ထူး ကစားနေလိုက်သည်။
"ငြိမ်ငြိမ်နေလေ ဘေဘီ၊ လက်ချောင်းတွေ ပူးပြီး ပေကုန်ပြီကွာ"
YOU ARE READING
မိုးနတ်သား၏ ကြယ်နှင်တံ [Completed]
Romanceမှောင်မည်းနေသော အခန်းထဲမှာ အလင်းရောင်တွေ ဖြာထွက်လာအောင် စွမ်းဆောင်နိုင်သောသူ သူဟာ တကယ်တော့ ကျွန်တော့်ဘဝရဲ့ မီးအိမ်ရှင်