ဘောလုံးပွဲသွားကြည့်ကြတဲ့ ကျောင်းသားအုပ်ကြီး ပြန်မလာခင်မှာ နယုန်နှင့်ထက်မြတ်က ထမင်းစားဆောင်မှာ အေးအေးလူလူ နေ့လယ်စာ စားကြသည်။ နယုန်တို့ ထမင်းစားလို့ ကုန်ခါနီးမှာ ကျောင်းသားတွေက ထမင်းစားဆောင်ကို တဖွဲဖွဲ ရောက်လာကြသည်။
" ထက်မြတ် ပြီးရင် သွားရအောင်၊ ဟိုကောင်နဲ့ ဆုံနေဦးမယ် "
နယုန် ထက်မြတ်ကိုအတင်းဆွဲခေါ် ပြီး မုန့်ဈေးတန်း
ကို ရောက်လာကြသည်။ နယုန့်ဘော်လီဘောပြိုင်ပွဲက တစ်နာရီမှ ပြန်စမည်။ အခုက ၁၂ နာရီ ကျော်ကျော်ပဲရှိသေးလို့ နယုန်နှင့် ထက်မြတ် မုန့်ဈေးတန်းကအပြန်မှာ စာသင်ခန်းကိုပဲ အတူပြန်လာကြသည်။" အချစ်ရာ၊ ထမင်းစားဆောင်မှာရော မုန့်ဈေးတန်းမှာရော မင်းကို ရှာလိုက်ရတာ၊ မင်းက ဒီရောက်နေတာကိုး "
မြင်လိုက်တာနဲ့ ကျက်သရေတုံးသည့် အကောင်၊ နယုန့်ဘေးကို ရောက်လာသည်။ ကြယ့်ကို ဂရုမစိုက်ဘဲ ဦးဆီကို နယုန်ဖုန်းဆက်လိုက်သည်။ ဖုန်းဝင်ပေမယ့် ဦးက မကိုင်ပါ။ Operation လုပ်နေတာပဲ ဖြစ်မှာမို့ နယုန် ဖုန်းပြန်ချလိုက်သည်။
" အချစ်၊ ငါ ဘောလုံးပွဲနိုင်လာတယ်လေ၊ ဆုမချတော့ဘူးလား "
နယုန် ထင်သည့်အတိုင်းပင် ကြယ်က နယုန့်အသားနှင့်ထိအောင်ကို အနားကို တိုးကပ်ထိုင်ပြီး စာရေးခုံပေါ် တံတောင်ထောက်လို့ နယုန့်ကို အနီးကပ်ရှုစားသည်။ နယုန် မမြင်ချင်ယောင် မကြားချင်ယောင်ဆောင်ပြီး ဂိမ်းဆော့နေလိုက်သည်။
" အချစ်လို့ အချစ် "
ဘေးကကောင်က နယုန်နဲ့လည်း ဘာမဆိုင်ညာမဆိုင် ချွဲသလိုလို လာလုပ်နေသည်။ နယုန် အဲ့ကောင်ကို ဖုတ်လေတဲ့ငပိ ၊ ရှိတယ်လို့တောင် မမှတ်။ဂိမ်းသုံးပွဲလောက် ဆော့ပြီးတော့မှ ဦးဆီကို ဖုန်းထပ်ခေါ်လိုက်သည်။ ဖုန်းက ဝင်သွားပေမယ့် မကိုင်ပါ။ဦးက Operation ၂ ခုရှိသည်ဟု နယုန့်ကို ပြောထားသည်။ အဲ့ဒီ Operation တွေများ မပြီးသေးလို့လား။
" အချစ်၊ ဘဲကြီးက မင်းကို အလေးမထားပါဘူးကွာ၊ လွယ်လွယ်ရနေလို့ မင်းတန်ဖိုးကို သူမသိဘူး "
YOU ARE READING
မိုးနတ်သား၏ ကြယ်နှင်တံ [Completed]
Romanceမှောင်မည်းနေသော အခန်းထဲမှာ အလင်းရောင်တွေ ဖြာထွက်လာအောင် စွမ်းဆောင်နိုင်သောသူ သူဟာ တကယ်တော့ ကျွန်တော့်ဘဝရဲ့ မီးအိမ်ရှင်