မိုးသားကောင်းကင်သည် နေရောင်ပျောက်လျက်ရှိနေပြီး တိမ်ညိုတိမ်မည်းတွေ အုံ့ဆိုင်းလျက် ရှိနေသည်။ လေနီကြမ်းတစ်ချက် ဝှေ့တိုက်လိုက်တိုင်းမှာ သစ်ကိုင်းသစ်ခက်တို့သည် သိမ့်သိမ့်တုန်အောင် ယိမ်းခါထွက်သွားသည်။
" ကျစ် !! မိုးတွေ ရွာတော့မှာပဲ "
သုံးထပ်ကျောင်းဆောင်၏ အမိုးအကာမရှိသော ခေါင်မိုးအပေါ်ဆုံးထပ်မှာ မိုးထက်ကြယ်တစ်ယောက်တည်း ကျန်နေခဲ့သည်။ချစ်သူပေးတဲ့ ခန္ဓာကိုယ်အောက်ပိုင်း ဝေဒနာက အရှင်းပျောက်ကွယ်သွားအောင် မသက်သာသေးပေမယ့် ချစ်သူမပြောနှင့်၊ ရာသီဥတုကတောင် ကိုယ့်ဘက်မပါတာမို့ ၊ မိုးရိပ်ဆင်နေသည့် ကောင်းကင်ကိုမော့ကြည့်ရင်းနဲ့ အုတ်နံရံကို ကျောမှီထိုင်နေရာမှ ဖြည်းဖြည်းချင်း မတ်တပ်ထရပ်လိုက်သည်။ခပ်လှမ်းလှမ်းမှာ ပြုတ်ကျနေသောဖုန်းကို မိုးထက် ကောက်ယူပြီး ပါဝါဖွင့်ကြည့်လိုက်သည်။
" အာ ..အချိန်က အဲ့လောက်တောင် ရှိသွားပြီလား "
အချိန်ကိုကြည့်လိုက်တော့ မနက်တစ်ပိုင်း၏ နောက် ဆုံးစာသင်ချိန်ကို ရောက်တော့မည်။ တိုက်ခတ်လာသော လေနီကြမ်းထဲမှာ မိုးရနံ့တို့ ရောပါလာလေပြီ။ လေနီကြမ်းနဲ့အတူ မိုးစက်မိုးပေါက်တွေ ခေါင်းပေါ် ကျရောက်လာပြီမို့ ခေါင်မိုးအပေါ်ဆုံးထပ်ကနေ စာသင်ခန်းဆီသာ မိုးထက် ပြန်ဆင်းလာသည်။
မိုးထက် ကိုယ့်အတန်းကိုပဲ တန်းတန်းမတ်မတ်လျှောက်သွားပြီး ထိုင်ခုံမှာ ထိုင်ချလိုက်သည်။ ဘေးနားက ချစ်သူက မိုးထက်ကို မျက်စောင်းထိုးပြီး တစ်ချက်ကြည့်လာသည်။ မိုးထက် ဝင်လာတုန်းက စာရေးခုံပေါ်မှာ ဘောပင်နှင့်စာအုပ်တွေပဲ ထားထားရာကနေ မိုးထက်လည်း ဘေးမှာထိုင်ချလိုက်ရော ချက်ချင်းကို ကွန်ပါဘူးထဲက ထောက်ချွန်ကို ထုတ်ပြီး စာရေးခုံပေါ် စိုက်ချပစ်သည်။ စာရေးခုံပေါ် စူးနစ်စိုက်ဝင်နေတဲ့ ထောက်စူးကိုကြည့်ကာ မိုးထက် မဲ့ပြုံးလေး ပြုံးမိသည်။
ငါ့ကို အဲ့လောက်တောင် မုန်းနေသလား .. မိုး။ ငါ ပေးနေတာ အချစ်တွေလေ။ မင်းပြန်ပေးတော့ အမုန်းတဲ့လား။ ငါက မင်းရဲ့အမုန်းတွေနဲ့ပဲ ထိုက်တန်တဲ့ကောင်လား။
YOU ARE READING
မိုးနတ်သား၏ ကြယ်နှင်တံ [Completed]
Romanceမှောင်မည်းနေသော အခန်းထဲမှာ အလင်းရောင်တွေ ဖြာထွက်လာအောင် စွမ်းဆောင်နိုင်သောသူ သူဟာ တကယ်တော့ ကျွန်တော့်ဘဝရဲ့ မီးအိမ်ရှင်