20[U]

15.3K 1.1K 36
                                    

အရှေ့မှဦးဆောင်၍ ခြေလှမ်းအကျယ်ကြီး လှမ်းကာ သွားနေသော ဦးမိုးအာကာ အနောက်ကို မိုးထက်ကြယ်၊ ကျော်ကြီး၊ ဇော်ကြီးတို့ သူငယ်ချင်းသုံးဦး အသံတစ်စက်မှ မထွက်ဘဲ တိတ်တိတ်ဆိတ်ဆိတ် လိုက်ပါလာသည်။

ဒုန်း !!!

ဦးမိုးအာကာ မိမိရဲ့ရုံးခန်းကို တန်းတန်းမတ်မတ်ပဲ ပြန် လာသည်။ အခန်းထဲရောက်တာနဲ့ အလုပ်စားပွဲခုံကို လက်သီးနဲ့ ထုချပစ်လိုက်သည်။

" ကြယ်ကလေး၊ မင်း ငါ့မျက်နှာကို အိုးမည်းသုတ်တာပဲ၊ မင်းဘယ်လိုဖြစ်ပြီး အဲ့လောက်အထိ ပျက်စီးသွားတာလဲ ငါ့ကိုပြောစမ်း၊ တော်ကြာနေ ကျောင်းအုပ်က လာခဲ့ပါဦးလို့ခေါ်ရင် သွားတွေ့ရပြန်ပြီ၊ တော်ကြာနေ ကျောင်းသားမိဘတွေကို မျက်နှာအောက်ချပြီး တောင်းပန်ရပြန်ပြီ၊
အဲ့ဒါတွေကို ငါအပြစ်မပြောဘူး ၊ ငါ ငယ်ငယ်ကလည်း မင်းလိုပဲ ဆိုးသွမ်းခဲ့လို့၊ အခုဟာက မင်းက ငါ့ထက် skill မြင့်သွားပြီ၊ မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ၊
မင်းသိလား၊ မင်း ဘာအပြစ်ကိုလုပ်ခဲ့တာလဲ မင်းသိလား"

ဦးမိုးအာကာ အခန်းထဲမှာ ပေါက်ကွဲသောင်းကျန်းနေလို့ ကျော်ကြီးရော ဇော်ကြီးပါ တုပ်တုပ်မျှ မလှုပ်ရဲဘဲ ငြိမ်နေကြသည်။ မိုးထက်ကလည်း ကြမ်းပြင်ကိုသာ စိုက်ကြည့်နေသည်။ သူ့အဖေကို တစ်ခွန်းမှ ပြန်မပြော။

" ငါမေးနေတယ် ကြယ်ကလေး၊ မင်း ဘာအပြစ်ကို ကျူးလွန်မိတာလဲ သိလား၊ ငါ့ကို ပြောစမ်း "

မိုးထက်က သူ့အဖေ ထပ်တခါခါ မေးနေတာကိုလည်း ဘာမှ ပြန်မပြော။ ကြမ်းပြင်ကိုသာ ခေါင်းငုံ့ကြည့်လို့
တုံဏိဘာဝေ နေလေသည်။ ကြားထဲက ကျော်ကြီးနှင့်
ဇော်ကြီးက ဦးမိုးအာကာရဲ့ ဒေါသမီးကို ကြောက်လာသည်။

" ကြယ်ကလေး ငါမေးနေတယ်၊ အခု မင်းဘာလုပ်ဖို့ ကြိုးစားခဲ့တာလဲ၊ မင်းလုပ်ပုံက ငါ့အလုပ်သမားတွေ အရှေ့မှာ ငါဘယ်လို မျက်နှာပြရမလဲ၊ ပြော "

ဦးမိုးအာကာက မျက်နှာနီရဲလျက်ရှိပြီး နောက်ထပ်တစ်ကြိမ် အလုပ်စားပွဲကို လက်သီးဆုပ်ပြီး ထုချလိုက်တော့
ကျော်ကြီးနှင့်ဇော်ကြီးက ကြောက်ဒူးတုန်လာသည်။

မိုးနတ်သား၏ ကြယ်နှင်တံ [Completed]Where stories live. Discover now