လေးနှစ် ကြာပြီးနောက်
.
.မန္တလေးမြို့
.
.ရောင်ခြည်သည် ဒီနှစ်တွေမှာ ဟိုးအရင်နှစ်တွေကလို
Palace ဆေးရုံမှာပဲ အလုပ်လုပ်တာ မဟုတ်တော့ဘဲ Noble နှင့် ချမ်းမြေ့မေတ္တာ ဆေးရုံတွေမှာပါ အချိန်ပိုင်းနဲ့ လိုက်ထိုင်ပေးပြီး အလုပ်လုပ်ဖြစ်သည်။ အဲ့ဒါကြောင့် ဆေးရုံ ၃ ရုံကို ပတ်ပြီး အလုပ်လုပ်နေတဲ့ ရောင်ခြည့်အတွက် တစ်နေ့ ၂၄ နာရီမှာ ရောင်ခြည့်အလုပ်ချိန်က သုံးပုံနှစ်ပုံရှိသည်။ နယုန်လေးဆီကို ပို့ပေးရတဲ့ တစ်လတစ်လ ကျောင်းစရိတ်တွေက သိန်းဂဏန်း ဆယ်ချီသည်။နယုန်လေးကို လူတွေကြားထဲ မျက်နှာမငယ်ရဘဲ ငွေကို လူတန်းစေ့သုံးနိုင်အောင် ကလေးရဲ့ ATM card ထဲမှာ ဘယ်တော့မှ ငွေမပြတ်ရအောင် ရောင်ခြည် အမြဲဖြည့်ပေးထားသည်။တီလေးက အချိန်တွေကြာလာရင် ကလေးကို မေ့သွားလိမ့်မယ်လို့ ရောင်ခြည့်ကို ပြောသည်။ ရောင်ခြည့်ဘဝက တစ်နေ့တစ်နေ့ ကလေးဘဝကို အမြင့်ဆုံးရောက်သထက် ရောက်အောင် ထမ်းတင်ပေးနေရတာမို့ ကလေးကို တစ်ရက်မှ မမေ့နိုင်ပါ။
"ရောင်ခြည် ခဏနေဦး၊ တစ်အိမ်ထဲ နေပြီးတော့ကွယ်၊ ငါ မင်းနဲ့ဆုံအောင် မနည်းဖမ်းနေရတယ်"
ဆေးရုံသွားခါနီး တီလေးက အတင်းဆွဲခေါ်နေလို့ ရောင်ခြည်သည် အိမ်ရှေ့ဧည့်ခန်းမှာ ခဏထိုင်လိုက်သည်။ ရောင်ခြည်သည် လက်မှာပတ်ထားသော နာရီကိုလည်း တကြည့်ကြည့်နဲ့။
"ဘာလဲ တီလေးရဲ့ ကျွန်တော် အချိန်သိပ်မရဘူးဗျ"
"အေး .. ရော့ရော့ ဒီမှာ.. ဒီဓာတ်ပုံတွေထဲက တစ်ယောက်ကိုရွေး "
"ဘာတွေလဲဗျာ၊ ကျွန်တော် စိတ်ညစ်တယ် တီလေးရာ၊ အဲ့လိုတွေ ထပ်မလုပ်ပါနဲ့တော့ "
"လုပ်ပါ သားရယ်၊ ဒီအထဲက တစ်ယောက်တော့ သားကြိုက်လောက်မှာပါ၊ အကုန်အချောအလှ ပညာတတ်တွေပဲ၊ အမျိုးကောင်းသမီးတွေချည်းပဲ၊ နေနဲ့လ ရွှေနဲ့မြတွေချည်းပဲ "
"တီလေးရာ တော်ပြီဗျာ၊ ကျွန်တော် ဘယ်သူ့မှ မရွေးဘူး၊ ကိုယ်ဟာကိုယ်တောင် အားတာ မဟုတ်ဘူး၊ ဘယ်သူ့နဲ့မှလည်း သွားမတွေ့နိုင်တော့ဘူး "
YOU ARE READING
မိုးနတ်သား၏ ကြယ်နှင်တံ [Completed]
Romanceမှောင်မည်းနေသော အခန်းထဲမှာ အလင်းရောင်တွေ ဖြာထွက်လာအောင် စွမ်းဆောင်နိုင်သောသူ သူဟာ တကယ်တော့ ကျွန်တော့်ဘဝရဲ့ မီးအိမ်ရှင်