ညနေကျောင်းဆင်းလို့ အိမ်ပြန်ရောက်တာနဲ့ နယုန်
ဆိုင်ကယ်မောင်းပြီး Famous ဆိုင်ကို ထွက်လာသည်။ ဆိုင်ရှေ့မှာ ဆိုင်ကယ်ကို ရပ်ထားခဲ့ပြီး Famous ဆိုင်ထဲဝင်လာသည်။ ဖုန်းနာရီကို ကြည့်လိုက်ရင် အလုပ်စဆင်းချိန်သည် ညနေ ၄ နာရီထိုး။ နယုန် ဘာအလုပ်မှ မလုပ်သေးခင်မှာ အဖွဲ့ခေါင်းဆောင် ကိုမျိုးဆီကို မျက်နှာအရင်သွားပြရသည်။" ကိုမျိုး၊ ကျွန်တော် ရောက်ပြီနော် "
" နယုန် ရော့ရော့၊ ဒါက order စာရွက်၊ စားဖိုဆောင်ကို သွားမှာပေး၊ တစ်ခါတည်း အခန်း ၅ ကို ဝင်ပို့လိုက် "
" ဟုတ် .. ကိုမျိုး "
နယုန်က အချိန်ပိုင်းပဲ အလုပ်ဆင်းပေမယ့် အလုပ်ချိန်အတွင်းမှာ နည်းနည်းမှ မထိုင်ရပါ။ အလုပ်ကို တစ်ခုပြီးတစ်ခု ဆက်တိုက်လုပ်ရသည်။ အလုပ်လုပ်ရတာ ပင်ပန်းပေမယ့်လည်း အဖေ့ကို ဆေးကုပေးခွင့်ရတာမို့ နယုန် ပျော်သည်။ အဖေ့ရောဂါက နှစ်ရှည်လများစွာ အရက်ကို အလွန်အကျွံ သောက်သုံးလာခဲ့လို့ ပြန်လည်ကျန်းမာလာတာမရှိဘူးလို့ ဒေါ်လေးမေက ပြောသည်။ ဒါပေမယ့် အဖေ့ကို ဆေးဆက်မကုဘဲ ပစ်မထားရက်လို့ ပြိုလဲတော့မယ့် အပင်အိုကြီးကို နယုန် တတ်နိုင်သလောက် ဒေါက်ထောက်ပေးနေရတာ။
ရောင်ခြည် ဒီညနေမှာ ဆေးရုံက အလုပ်တွေကို လက်စဖြတ်ပြီး၊ သက်အောင်နှင့် ချိန်းထားသော Summer BBQ ကို ရောက်လာသည်။ဆိုင်ရှေ့မှာ ပါကင်ထိုးရပ်ပြီး
ဘန်ဂလိုပုံစံဆောက်ထားသော ဆိုင်ထဲကိုဝင်လိုက်တာနဲ့ သက်အောင်က ရောင်ခြည့်ကို လှမ်းခေါ်ကာ လက်တစ် ဖက်ထောင်ပြလာသည်။သက်အောင် ထိုင်နေတဲ့စားပွဲက လူ ၄ ယောက်ထိုင်လို့ရတဲ့ လေးထောင့်စားပွဲ ၅ လုံးကို တန်းစီပြီး ဆက်ထားသည်။ လောလောဆယ် ထိုင်ခုံမှာထိုင်နေကြတာ ရောင်ခြည်အပါအဝင် ၁၂ ယောက် ရှိနေ သည်။ တချို့ဒေါက်တာတွေကို ရောင်ခြည် ရင်းရင်းနှီးနှီး သိသည်။ တချို့ကိုလည်း မသိပါ။ အစိုးရဆေးရုံက သက်အောင်ရဲ့ ဆရာသမားတွေ၊ အသိမိတ်ဆွေတွေပဲ ဖြစ်ပါလိမ့်မည်။" နေ့လင်းရောင်ခြည် ၊ ဘယ်လိုလဲ ၊ Palace မှာ အဆင်ပြေနေတယ် မဟုတ်လား၊ အပြင်ဆေးရုံဆိုတော့ လက်ဖျား ငွေသီးမှာပေါ့ "
YOU ARE READING
မိုးနတ်သား၏ ကြယ်နှင်တံ [Completed]
Romanceမှောင်မည်းနေသော အခန်းထဲမှာ အလင်းရောင်တွေ ဖြာထွက်လာအောင် စွမ်းဆောင်နိုင်သောသူ သူဟာ တကယ်တော့ ကျွန်တော့်ဘဝရဲ့ မီးအိမ်ရှင်