25[Z]

14.6K 1K 45
                                    

နယုန် ဆယ်တန်းအောင်တဲ့ အထိမ်းအမှတ်အနေနဲ့ ကြီးမွန်ကို မော်လမြိုင်မုန့်ဟင်းခါး ချက်ကျွေးခိုင်းထားလို့ ကြီးမွန်ကတော့ ချက်ကျွေးပါသည်။ ဒါပေမယ့် မနက်က ဖြစ်သွားတဲ့ကိစ္စတွေကြောင့် အပူရုပ်တွေဖြစ်နေကြတာနဲ့ ထမင်းစားပွဲဝိုင်းမှာ လူသုံးယောက် ထိုင်နေပေမယ့် အရင်လို မြိုင်မြိုင်ဆိုင်ဆိုင်မရှိ။ အသံတစ်စက်မှ မထွက်ဘဲ တိတ်ဆိတ်ငြိမ်သက်နေကြသည်။

ကြီးမွန်ကလည်း နယုန့်ကို မျက်စိဒေါက်ထောင့်ပြီး ကြည့်နေလို့ ဦးရဲ့ဘေးမှာတောင် နယုန်မထိုင်ရဲတော့ပါ။ ဦးနှင့် မျက်နှာချင်းဆိုင်မှာထိုင်ပြီး ဦးကို ခိုးခိုးကြည့်ရသည်။ ဦးက မျက်နှာမကောင်းဘဲ မုန့်ဟင်း ခါးကို ၅ ဇွန်းသာ စားကာ ထမင်းစားခန်းထဲကနေ ခေါင်းလေးငိုက်စိုက်နဲ့ ထထွက်သွားသည်။

"နယုန် ...ကြီးမွန် ပြောစရာရှိတယ် "

"ဟုတ် "

ဦးက အပေါ်ထပ်ကို ပြန်တက်သွားတာနဲ့ ကြီးမွန်က
မုန့်ဟင်းခါး ဆက်မစားတော့ဘဲ သက်ပြင်းချလိုက်သည်။ နယုန်လည်း မျက်နှာငယ်လေးနဲ့ ကြီးမွန်ကိုပဲ ငေးကြည့်နေလိုက်သည်။

"နယုန် ..ကြီးမွန်ပြောမယ်၊ ရောင်ခြည်ဆိုတာ ကြီးမွန်ရဲ့ သားလေးလို ကြီးမွန် အရမ်းချစ်ရတဲ့ ကလေးပါ၊ ကြီးမွန် လိုရင်းပဲ ပြောမယ်ကွယ်၊ ရောင်ခြည်က အရမ်းသနားကြင်နာတတ်တယ်၊ ရောင်ခြည်က မင်းကို ဘယ်လိုမျိုး စောင့်ရှောက်ပေးခဲ့တယ်ဆိုတာ မင်းအသိဆုံး"

"ဟုတ် ..ကြီးမွန်၊ ကျွန်တော်သိပါတယ် "

"အေး..အဲ့ဒီကျေးဇူးတွေကို ထောက်ထားပြီး ရောင်ခြည့်ကို လူတွေ လက်ညှိုးထိုးစရာဖြစ်အောင် မလုပ်ချင်စမ်းပါနဲ့ နယုန်ရယ်"

"ကျွန်တော်...ကျွန်တော် ဦးကို အရမ်းချစ်တယ် ကြီးမွန်၊ အဲ့ဒါ အစ်ကိုလို ချစ်တာမဟုတ်ပါဘူး၊ ဦးနဲ့ စတွေ့ကတည်းက ချစ်သူလို ချစ်ခဲ့တာပါ"

"အေးလေ ..မင်းတို့တွေ ဘယ်လိုပဲ ချစ်ကြတယ်ပြောပြော၊ ဒါမျိုးက မဖြစ်သင့်ဘူးလေကွယ်၊ အဲ့ဒါကြောင့် ကြီးမွန် တောင်းဆိုတာပါ၊ မင်း ဒီအိမ်က ထွက်သွားမယ့်နေ့ကစပြီး ရောင်ခြည့်ကို ထပ်မတွေ့ပါနဲ့ကွယ်၊ မင်းသာ ကျေးဇူးသိတတ်တဲ့ကောင်လေးဆိုရင် ကျေးဇူးပြုပြီး ငါတို့ရောင်ခြည်အနားကို ဘယ်တော့မှ ပြန်မလာပါနဲ့၊ ကြီးမွန် သားကို တောင်းဆိုနေတာပါ"

မိုးနတ်သား၏ ကြယ်နှင်တံ [Completed]Where stories live. Discover now