18[Z]

13.8K 1.1K 35
                                    

"မိုးသားနယုန်၊ မိုးသားနယုန် ရောက်ပြီလား၊ မိုးသားနယုန် "

"ရှိ .. ရောက်ပါပြီဆရာ"

နယုန် အားကစားခန်းမထဲ ပြေးဝင်လာချိန်မှာ အားကစားဆရာက နာမည်စာရင်းကို ကြည့်ပြီး
လူစစ်နေပြီ။ နယုန့်နာမည်ကို ခေါ်နေပြီမို့ နယုန်ပြေးဝင်လာရင်းနဲ့ အော်ပြီး လက်ညှိုးထောင်ရသည်။ Bio အသင်းရဲ့ training က မနက်ပိုင်းမို့ အားကစားခန်းမထဲမှာ ဆရာနှင့် နယုန်တို့အဖွဲ့ပဲ ရှိကြသည်။

"ဘောလီဘောပြိုင်မယ့် ကျောင်းသားတွေက စာရင်းပေးထားတာ ၁၇ ယောက်ရှိတယ်၊ မင်းတို့အကုန်လုံးကို မရွေးချယ်ဘူး၊ အရည်အချင်း အရင်စစ်ဦးမယ်၊ ၁၀ ယောက်ပဲ ရွေးမယ်၊ ပြုတ်တဲ့သူတွေက စာသင် ခန်းကို ပြန်ရမယ် "

"ဟုတ်ကဲ့ဆရာ "

"ကဲ ..အကုန် တန်းစီရပ်ကြ၊ ဘောလုံးကို တစ်ယောက်ကို ၅ ကြိမ်စီရိုက်ချရမယ်၊ ပိုက်မထိအောင် တစ်ဖက်ကွင်းရဲ့ စည်းထဲကို ရိုက်ချနိုင်ရမယ်၊ ပိုက်ထိတဲ့လူတွေကို ၃ ခါ skipပေးမယ်၊ ၄ ကြိမ်မြောက် ပိုက်ထိရင် ဖြုတ်ပစ်မယ် "

"ဟုတ်ကဲ့ ဆရာ"

နယုန်တို့ ကျောင်းသား ၁၇ ယောက် တစ်ယောက်ပြီး တစ်ယောက် အမြင့်ဆုံးခုန်ပြီး အားကစားဆရာက ပင့်ထောင်ပေးတဲ့ ဘောလုံးကို တစ်ဖက်ကွင်းထဲကို ရိုက်ချပစ်ရသည်။ ဘောလုံး ပိုက်တိုးတဲ့သူတွေရော၊ ကွင်းထဲကျတဲ့သူတွေရော၊ ပိုက်ကျော်ပေမယ့် စည်းအပြင်ကို လွန်ထွက်သွားတွေရော စုံလို့ပင်။ နယုန်ကတော့ ၅ ကြိမ်လုံး အမြင့်ဆုံးခုန်တက်ပြီး တစ်ဖက်ကွင်းထဲ ရောက်အောင် ရိုက်ချနိုင်သည်။ ၅ ကြိမ်စီ အစမ်းသပ်ခံပြီးကြတဲ့အခါမှာ ဆရာက ကျောင်း သား ၁၀ ယောက်ပဲ ခေါ်ထားပြီး ကျန်တဲ့ ၇ ယောက်ကို ပြန်ခိုင်းလိုက်သည်။

"ကျန်ခဲ့တဲ့ကျောင်းသားတွေကို ဆရာပြောမယ်၊ မင်းတို့ကို တစ်ယောက်မှ ဖြုတ်ပစ်လို့ မရဘူး၊ အဲ့ဒါကြောင့် ဒီနေ့ကစပြီး မပျက်မကွက် Training ဆင်းကြပါ၊ ပြိုင်ပွဲနေ့မှာ မင်းတို့ထဲက အရည်အချင်း ပိုသာတဲ့ ၆ ယောက်ကို ရွေးချယ်ပြိုင်ခိုင်းမယ်၊ ကျန်တဲ့ ၄ ယောက်က အရန်လူအနေနဲ့ အဆင်သင့် ရှိနေရမယ်၊ ပြိုင်ပွဲနေ့မှာ ကစား သမား ဖြစ်ချင်ရင် အခုကတည်းက အပြိုင်အဆိုင် ကြိုးစားကြ "

မိုးနတ်သား၏ ကြယ်နှင်တံ [Completed]Where stories live. Discover now