ညနေ ၃ နာရီဝန်းကျင် မန္တလေး UFL ကျောင်းရှေ့မှာ အနီရောင် ပြိုင် ကားတစ်စီး အဆင်သင့် ရောက်ရှိနေသည်။ ကားပေါ်မှာ ရှိနှင့်နေသူ မိုးထက်ရဲ့ မျက်ဝန်းတို့က လက်ထဲဆုပ်ကိုင်ထားသော ကတ္တီပါဘူးလေးကို ပြုံးကြည့်နေပြီးမှ ကျောင်းဝင်ပေါက်ဆီကို အကြည့်တို့ ရွေ့လျားသွားသည်။ အကောင်ပေါက်လေးကို လှမ်းမြင်နေရပြီမို့ လက်ထဲက ကတ္တီပါဘူးကို ကောင်လေးမမြင်အောင် ဝှက်ပစ် လိုက်သည်။
"ကိုကို Oppa..ရောက်နေတာကြာပြီလား"
"အင်း .. ရောက်နေတာ ကြာပေါ့"
ကောင်လေးမေးတာကို တစ်ခါတည်း ပြန်ဖြေရင်း ထိုင်ခုံခါးပတ်ကြိုးပါ သိုင်းပတ်ပေးလိုက်တော့ မိုးထက်ကို မျက်လုံးဝိုင်းလေးနဲ့ မော့ကြည့်သည်။
"ဘာလို့ စောရောက်နေတာလဲ Oppa "
မေးဖျားလေးကို ပင့်ကိုင်ကာ နှုတ်ခမ်းဖူးလေးကို နမ်းရှိုက်ပေးလိုက်တော့ မျက်နှာလေးက ရွှင်မြူးသွားသည်။
"ကလေးကိုလွမ်းလို့ မနေနိုင်တော့လို့ အိမ်ကနေ စောထွက်လာတာ"
"ကိုကို ဒီည ဆိုင်သွားဦးမှာလား၊ တခြား ဘယ်သွားစရာရှိသေးလဲ"
"အင်း .. ဆိုင်ပဲသွားမှာလေ .. ဘာဖြစ်လို့လဲ "
"ဘာမှ မဟုတ်ပါဘူး .. ဒီလိုပဲ မေးကြည့်တာ"
ကိုကိုက ကားကို ကျောင်းရှေ့မှ မောင်းထွက်လာသည်။ လမ်းမှာ ထူး အတွေးများ လာသည်။ မနေ့ညက ကိုကြီးမိုးသားနယုန်ရဲ့ မင်္ဂလာဆောင်မှာ ထူးကိုပြောတော့ ဖြင့် ကိုကိုမနက်ဖြန်ကျရင် ကလေးကို လက်စွပ်ဝယ်ပေးမယ်တဲ့။
အခု တစ်နေဝင်လို့ တစ်မိုးချုပ်သွားတာတောင် ထူးရဲ့အရှေ့ကို ဘာလက် စွပ်မှ ရောက်မလာတော့ ထူး ဝမ်းနည်းလာသည်။ ဒါပေမယ့် ထူးက လိုချင်ပါတယ် လို့ ပူဆာတာထက် ကိုကိုက သိတတ်ပြီး ဝယ်ပေးတာကို လိုချင်သည်။
မိုးထက် ကားမောင်းနေရင်း ထူးကို အကဲခတ်လာတာ။ ထူးက စကား မပြောတော့ဘဲ လမ်းဘေးကိုသာ ငေးကြည့်လာပြီး မျက်နှာလေးက မကောင်း။ ဒီ ကောင်လေး ဘာဖြစ်နေလဲဆိုတာ မိုးထက်သိတာပေါ့။ ဒီကိစ္စနဲ့ပတ်သက်လို့ မိုး ထက်မှာလည်း ကိုယ့်အစီအစဉ်နဲ့ ကိုယ်ဆိုတော့ လောလောဆယ် ထူးလေးကို ကြည့်ပြီး ရယ်ချင်နေပေမယ့် မသိချင်ယောင် ဆောင်နေလိုက်သည်။
YOU ARE READING
မိုးနတ်သား၏ ကြယ်နှင်တံ [Completed]
Romanceမှောင်မည်းနေသော အခန်းထဲမှာ အလင်းရောင်တွေ ဖြာထွက်လာအောင် စွမ်းဆောင်နိုင်သောသူ သူဟာ တကယ်တော့ ကျွန်တော့်ဘဝရဲ့ မီးအိမ်ရှင်