♪ ♪ မေမြို့ သို့မဟုတ် ပြင်ဦးလွင်
တိမ်ခိုးလေးများ ခြုံသိုင်းပါလို့ဆင်
ပန်းကမ္ဘာမျှော်စင် စခန်းသာခေါ်တွင်
မြွေလိမ်မြွေကောက် လမ်းကလေးများ
ဖြတ်ကာကျော်ခဲ့ရင် မြေပြင်ချိုင့်ဝှမ်း မန္တလေး
အဝေးမှာ မှုန်ဝါးမြင် ♪ ♪ဒီနေ့က နယုန် ဦးကိုပူဆာတဲ့အတိုင်း မန္တလေးကနေ
ပြင်ဦးလွင်ကို ခရီးထွက်လာကြတဲ့နေ့ပါ။ ကြီးမွန်က
ပြင်ဦးလွင်ကို ရောက်ဖူးလို့ နယုန်တို့နဲ့ လိုက်မလာ
တော့ဘဲ အိမ်စောင့်ကျန်ရစ်ခဲ့သည်။ ဦးနှင့် နှစ်ယောက်အတူ ပထမဆုံးခရီးထွက်ဖူးတာမို့ နယုန့်စိတ်ထဲ ဦးနှင့်အတူ ဟန်းနီးမွန်းခရီး ထွက်နေရသလို ပျော်ရွှင်နေမိ သည်။" ကလေး အရမ်းပျော်နေတယ် ဟုတ်လား
သီချင်း တညည်းညည်းနဲ့ "" ပျော်တာပေါ့ ဦးရဲ့၊ ကျွန်တော် ပြင်ဦးလွင်ကို အရမ်းရောက်ဖူးချင်တာ၊ ပြင်ဦးလွင်က ပန်းပေါင်းစုံပွင့်ပြီး အရမ်းလှတယ် ဆိုလို့လေ "
" မန္တလေးနဲ့ ပြင်ဦးလွင်က နီးနီးလေး ကလေးရဲ့၊
ခဏနေ ရောက်တော့မယ် "နယုန် အံ့သြရပါသည်။ မန္တလေးကနေ မနက် ၈ နာရီ
ထွက်လာကြတာ အခုမှ ၉ နာရီခွဲပဲ ရှိသေးတာကို ဦးက ပြင်ဦးလွင် ရောက်တော့မည်တဲ့။ပြင်ဦးလွင်တောင်စခန်းမြို့လေးနဲ့ နီးလာလေလေ တောင်အောက်မှာကျန်ခဲ့သော နယုန်တို့ရဲ့ မန္တလေးမြို့ကြီးကို မှုန်ပျပျသာ မြင်ရတော့သည်။"ဦး .. ဦး ၊ ဟိုမှာ မြို့အဝင် ဆိုင်းဘုတ်ကြီး "
နယုန် ဝမ်းသာအားရ ပြင်ဦးလွင် မြို့အဝင်ဆိုင်းဘုတ်ကြီးကို လက်ညှိုးထိုးပြလိုက်တာနဲ့ ဦးက ကားကို လမ်းဘေးထိုးရပ်ပေးသည်။ နယုန်က ကားပေါ်က ဆင်းပြီး ဆိုင်း ဘုတ်ကြီးဆီ ပြေးသွားလိုက်သည်။
" ဖုန်းပေး ... ရိုက်ပေးမယ် "
ဦးက နယုန့်ကို ပြင်ဦးလွင် မြို့အဝင်ဆိုင်းဘုတ်နှင့် အမှတ်တရ ဓာတ်ပုံရိုက်ပေးသည်။ နယုန် အရမ်းပျော်နေသည်။
" ကလေး .. ကားပေါ်တက် ခရီးဆက်ကြမယ် "
" ဟုတ် .. ဦး "
YOU ARE READING
မိုးနတ်သား၏ ကြယ်နှင်တံ [Completed]
Romanceမှောင်မည်းနေသော အခန်းထဲမှာ အလင်းရောင်တွေ ဖြာထွက်လာအောင် စွမ်းဆောင်နိုင်သောသူ သူဟာ တကယ်တော့ ကျွန်တော့်ဘဝရဲ့ မီးအိမ်ရှင်