ဒီနေ့ ဈေးဝယ်ထွက်ရန် နယုန်သည် ဦးနှင့်အတူ မြို့ထဲကို ထွက်လာသည်။ Shopping Centre ကို ရောက်တော့ ဦးသည် ယောင်္ကျားလေး အဝတ်ဆိုင်ကို တန်းသွားပြီး နယုန်နှင့် တော်လောက်သည့်အင်္ကျီကိုဆွဲဖြုတ်ယူကာ နယုန့်ခန္ဓာကိုယ်မှာ လာကပ်ကြည့် သည်။ သဘောကျသွားတာနဲ့ ဈေးဝယ်ခြင်းထဲကို တစ်ထည်ပြီးတစ်ထည် ထည့်သည်။
"ဖိနပ်ဝယ်ပေးဦးမယ်၊ ဟိုဘက်ကို သွားရအောင်"
"ဟုတ်"
ဖိနပ်ဆိုင်ထဲမှာလည်း နယုန် တစ်ခါမှ မစီးဖူးခဲ့သည့် Walking Shoe ဖိနပ်တွေကို အရောင်စုံနေအောင် ဦးက အများကြီး ဝယ်ပေးပြန်သည်။
"ဦးရေ.. တစ်ဆိုင်ပြီးတစ်ဆိုင် လျှောက်သွားရတာ ရေဆာလာလို့ ရေဝယ်တိုက်ပါဦး"
"အဲ့ဒါဆို ဒီဆိုင်မှာ ခဏနေခဲ့လိုက်၊ အဝတ်ထုပ်တွေ တစ်ခေါက်သွားပြန်ထားရင်းနဲ့ ရေဝယ်လာပေးမယ်"
ဦးက နယုန့်ကို နေကာမျက်မှန်နှင့် ဦးထုပ်ရောင်းသည့် ဆိုင်မှာ ထားခဲ့သည်။ ရေသွားဝယ်ရင်းနဲ့ ဝယ်ထားသမျှ အထုပ်တွေကို တစ်ခေါက်ပြန်ထားဦးမယ်လို့လည်း မှာသွားသည်။ နယုန်က ဦးထုပ်ဆိုင်ထဲမှာ လျှာထိုးဦးထုပ်ကို လိုက်ကြည့်သည်။ တစ်နေရာကို ရောက်တော့ နယုန်လန့်သွားလို့ လက်ထဲကိုင်ထားတဲ့ ဦးထုပ်လေးပင် အောက်ကို ပြုတ်ကျသွားရသည်။
"အောင်မလေး ...ရောင်နီ ရောင်နီ"
နေ့ခင်းကြောင်တောင်ကြီးမှာ ရောင်နီ့ကို မြင်လိုက်ရလို့ နယုန် လန့်ဖြန့် သွားသည်။ ရောင်နီ့ကို မဝံ့မရဲ ပြန်ကြည့်မိတဲ့အခါမှာ ရောင်နီကလည်း နယုန့်ကို ပြန်ကြည့်လာသည်။
"မင်း .. မင်းက ရောင်နီ.. ရောင်နီမဟုတ်လား"
နယုန်က ရောင်နီ့ကို လက်ညှိုးထိုးပြီး ထစ်ထစ်အအ မေးလိုက်သည်။ရောင်နီကလည်း နယုန့်ကို လက်ညှိုးပြန်ထိုးလာသည်။
"ဘုရားဘုရား ရောင်နီရောင်နီ၊ နေ့ခင်းကြောင်တောင် မင်းငါ့ကို သရဲလာခြောက်နေတာပဲ"
မိုးသားနယုန်သည် နေ့ခင်းကြောင်တောင်မှာ ရောင်နီ့ကို မြင်တွေ့လိုက်ရလို့ လန့်ဖြန့်နေချိန်မှာ မိုးသားနယုန့်ကို ကြည့်ကာ အားပါးတရ အော်ရယ်သော ကောင်လေးတစ်ယောက်လည်း ဆိုင်ထဲမှာ ရှိနေသည်။ ထိုကောင်လေး၏ အမည်က မိုးထက်ကြယ်။
YOU ARE READING
မိုးနတ်သား၏ ကြယ်နှင်တံ [Completed]
Romanceမှောင်မည်းနေသော အခန်းထဲမှာ အလင်းရောင်တွေ ဖြာထွက်လာအောင် စွမ်းဆောင်နိုင်သောသူ သူဟာ တကယ်တော့ ကျွန်တော့်ဘဝရဲ့ မီးအိမ်ရှင်