16[Z]

14.6K 1.2K 42
                                    

နယုန် ညနေကျောင်းဆင်းချိန်တိုင်း အိမ်ပြန်ရောက်တယ်ဆိုတာနဲ့ ရေချိုးအဝတ်အစားလဲ၊ကျူရှင်သွားဦး မယ်ဆိုပြီး ကြီးမွန်ကို ညာတာပါတေး လုပ်သည်။ ကျောပိုးအိတ်ကို ကောက်လွယ်လို့ ဆိုင်ကယ်စီးပြီး အိမ်ကနေ အပြင်ပြန်ထွက်သည်။ ဒါပေမယ့် နယုန် ကျူရှင်ကို မသွားဖြစ်ပါ။ ဦးက ကျူရှင်ဖိုးဆိုပြီး ထုတ်ပေးတဲ့ပိုက်ဆံတွေကို နယုန်သိမ်းထားသည်။

ဒေါ်လေးမေက ဖုန်းလှမ်းဆက်လို့ နယုန်လစဉ်ရတဲ့ ကျောင်းမုန့်ဖိုးနဲ့ ကျူရှင်ဖိုးကို ပေါင်းပြီး ဘဏ်ကနေ သထုံအိမ်ကို ငွေလွှဲပေးလိုက်သည်။ အဲ့ဒါတောင် ဒေါ်လေးမေက သူထပ်တောင်းသည့် ငွေနှစ်သိန်းမပြည့်လို့တဲ့။အဖေ့ကို ဆေးဆက်မကုဘူးဆိုပြီး ခြိမ်းခြောက်နေလို့ နယုန် ညနေကျောင်းဆင်းချိန်တိုင်း အလုပ်လိုက်ရှာရသည်။

အတန်းပညာက မပြည့်စုံတော့ ဘောပင်ကိုင်ရတဲ့ အလုပ်တွေ ဘယ်နေရာမှ မရပါ။ အဲ့ဒါဆို စားသောက်ဆိုင်တွေမှာ စားပွဲထိုးအလုပ်လေးပဲ လုပ်မယ်လို့ဆုံးဖြတ်ပြီး လိုက်လျှောက်တော့လည်း အချိန်ပြည့်မလုပ်နိုင်လို့တဲ့။ တခြားသူတွေကိုသာ အလုပ်ခန့်ပြီး နယုန့်ကို အလုပ်မခန့်ပါ။

အဲ့ဒါကြောင့် ညနေဘက်တွေဆို လူစည်ကားရာ နေရာတွေမှာ ဆိုင်ကယ်နဲ့ လှည့်ပတ်ပြီး နယုန် အလုပ်လိုက်ရှာဖြစ်သည်။ ဒီနေ့က တနင်္ဂနွေမို့ ကျောင်းပိတ်သည်။ နယုန်က ကြီးမွန်ကို သူငယ်ချင်းအိမ်မှာ စာသွားလုပ်မယ်လို့ ညာပြောပြီး အိမ်က ထွက်လာခဲ့သည်။ မြို့ထဲရောက် လာတော့ တစ်နေရာမှာ အုတ်နံရံပေါ် မှာ ကပ်ထားတဲ့ စာရွက်အဖြူတစ်ရွက်ကို နယုန်တွေ့သွားသည်။

အမျိုးသား အလုပ်သမား (၅)ဦး အလိုရှိသည်။ အောက်ပါ အရည်အချင်းများဖြင့် ပြည့်စုံရမည်။နယုန် အလုပ်ကြော်ငြာစာရွက်ကို တွေ့လို့ ဝမ်းသာအားရ ဆိုင်ကယ်ကိုထိုးရပ်ပြီး စာရွက်အဖြူကို သွားဖတ်ကြည့်လိုက်သည်။

အသက် ၂၅ နှစ်အောက် ဖြစ်ရမည်။ အခြေခံပညာ အလယ်တန်းအဆင့် အောင်ရမည်။ရုပ်ရည် သန့်ပြန့်ရမည်။လူမှုဆက်ဆံရေး ပြေပြစ်ရမည်။အတွေ့အကြုံရှိသူ ဦးစားပေးမည်။

မိုးနတ်သား၏ ကြယ်နှင်တံ [Completed]Where stories live. Discover now