နယုန်သည် လင်းခေးကို သွားကြိုမလို့ ဆိုင်ကယ်မောင်းပြီး ကားကြီးဝင်းကို ထွက်လာသည်။ ဦးနှင့်နယုန်တို့ မင်္ဂလာဆောင်မယ့်နေ့ကို ရောက်ဖို့လိုသေးပေမယ့် လင်းခေးက မန္တလေးမှာ လည်ပတ်ချင်သေးလို့ စောထွက်လာမယ်ဆိုလို့ လင်းခေးကို ကားဂိတ်မှာ နယုန် လာကြိုပေးရသည်။
"ဟေး .. ယုန် ..ငါ လာပြီကွ"
တို့တောင်ပေါ်သား Express ကားပေါ်ကနေ လင်းခေးက ဝမ်းသာအားရ အော်ဟစ်ပြီ နယုန့်ကို လက်ပြကာ ကားပေါ်က ဆင်းလာသည်။
"ယုန်ရေ မြန်မာပြည်မှာ မင်းနဲ့ ပထမဆုံး တွေ့ဆုံခြင်းပဲ"
"တော်တော်ပျော်နေတယ် ဟုတ်လား၊ ဘယ်မှာလဲ မင်းခရီးဆောင်အိတ်"
"ကားအောက်ထဲမှာ၊ သွားယူလိုက်ဦးမယ်"
"အင်း .. မြန်မြန်သွားယူ၊ ငါ ဒီက စောင့်နေမယ်"
လင်းခေးက ခရီးဆောင်အိတ်ကို သွားထုတ်ပြီး နယုန့်ဆီကို ပြန်ပြေးလာ သည်။ နယုန်မောင်းသော ဆိုင်ကယ်ကို အနောက်က ခွထိုင်လိုက်ပြီး ခရီးဆောင် အိတ်ကို လက်နှစ်ဖက်က ထိန်းကိုင်လာသည်။
"ယုံမလားတော့ မသိဘူး၊ ငါ မန္တလေးကို အခုမှရောက်ဖူးတာ ယုန်"
"တကယ်ကြီးလား၊ မင်း မန္တလေးကို တကယ်မရောက်ဖူးဘူးပေါ့"
"ငါတကယ် အခုမှရောက်ဖူးတာ၊ မန္တလေးက စည်ကားနေလိုက်တာနော်၊ ငါ့ကို လိုက်ပို့ပေးနော် ယုန်"
"မပို့ဘူးကွာ၊ ကိုယ့်ဘာသာ ဆိုင်ကယ်ပတ်စီး"
"မင်း အဲ့လိုမလုပ်နဲ့လေ၊ အကျင့်ကို မကောင်းဘူး ခွေးကောင်၊ ဧည့်သည် ကို ဧည့်ဝတ် အတော်ကျေတယ်နော်"
"စတာပါကွာ၊ ငါလည်း အိမ်မှာ အားနေတာပဲ၊ ငါ လိုက်ပို့ပေးမှာပေါ့"
"အဲ့ဒါကြောင့် ငါ့ကောင်ကြီးကို ချစ်နေရတာ"
နယုန်တို့ စကားတပြောပြောနဲ့ အိမ်ပြန်လာကြတာ ညနေ ၅ နာရီထိုးခါ နီးမှ အိမ်ပြန်ရောက်ကြသည်။ အိမ်ကို ဧည့်သည်ပါလာတာမို့ ကြီးမွန်က အိမ်
အပေါက်ဝမှာ ထွက်ကြိုပေးသည်။"ကြီးမွန်..ဒါက လင်းခေး.. စင်ကာပူမှာ ကျွန်တော်နဲ့ ကျောင်းအတူတက် တဲ့ သူငယ်ချင်းပါ၊ ရှမ်းလေးဆိုတော့ အရမ်းရိုးသားတယ်"
ESTÁS LEYENDO
မိုးနတ်သား၏ ကြယ်နှင်တံ [Completed]
Romanceမှောင်မည်းနေသော အခန်းထဲမှာ အလင်းရောင်တွေ ဖြာထွက်လာအောင် စွမ်းဆောင်နိုင်သောသူ သူဟာ တကယ်တော့ ကျွန်တော့်ဘဝရဲ့ မီးအိမ်ရှင်