ညနေကျောင်းဆင်း ခေါင်းလောင်းထိုးပြီ။ ဒီကျောင်းက ဘော်ဒါဆောင်နှင့်ပါ တွဲဖွင့်ထားတာမို့ ကျောင်း ဆင်းချိန်မှာ ဘော်ဒါကို ပြန်ကြသူတွေရှိသည်။ အိမ်ပြန်ကြတဲ့သူတွေလည်း ရှိသည်။ နယုန့်ဘေးမှာထိုင်တဲ့ ထက်မြတ်ဆိုရင် ဘော်ဒါနေတာမို့ ဘော်ဒါကို ပြန် သည်။
အနောက်တန်းက လူဆိုးလေးက အိမ်ကိုပြန်သလား။ ဘော်ဒါကို ပြန်သလားဆိုတာ နယုန်မသိပါ။ လူဆိုးကောင်ပြောတာ ကြားတာတော့ ဦးရဲ့ Official ရည်းစားက သူ့အစ်မဆိုလားပဲ။ ကျောင်းဆင်းသွားခဲ့ပြီမို့ ထက်မြတ်နှင့်အတူ နယုန်လည်း ကျောင်းရှေ့ကို ထွက်လာလိုက်သည်။ ဒီညနေမှာ ဦးက ကျောင်းလာမကြိုပေးတာမို့ နယုန်ကိုယ့်ဘာသာ တက္ကစီငှားစီးပြီး အိမ်ပြန်ရမည်။
"ဟေ့ .. မင်းက မိုးသားနယုန်လား"
"ဟုတ်ပါတယ် .. အစ်ကိုတို့က ဘယ်သူလဲ"
"မိုးသားနယုန်ဆိုရင် ငါတို့နဲ့လိုက်ခဲ့၊ မင်းကိုပြောစရာရှိတယ် "
ကော်ရစ်တာ ထောင့်ချိုးတစ်နေရာမှာ နယုန် တစ်ခါမှမမြင်ဖူးသည့် ကျောင်းသားသုံးယောက်က နယုန့်ကိုဆွဲခေါ်သွားလို့ ထက်မြတ်နှင့် လူချင်းကွဲပြီး နယုန်က ထိုလူတွေနှင့် ပါသွားခဲ့သည်။ အဲ့လူတွေက နယုန့်ကို ကျောင်းရဲ့ တစ်နေရာကို ဆွဲခေါ်သွားနေကြသည်။
မိုးထက်ကြယ်က ညနေကျောင်းဆင်းချိန်မှာ ဆိုင်ကယ် Stand မှာ ဆိုင်ကယ်ဝင်ယူပြီး ကျောင်းရှေ့ကို မောင်းထွက်လာသည်။ ကျောင်းအရှေ့မှာ မနေ့က လို ရပ်စောင့်နေသော မိုးသားနယုန်ကို မတွေ့ရတာမို့ ဇဝေဇဝါ ဖြစ်သွားရသည်။
"မိုးလည်း မတွေ့ပါလား၊ ပြန်များ ပြန်သွားပြီလား၊ ဟေ့ .. ထက်မြတ်၊ ခဏနေဦး "
ဘော်ဒါဆောင်ကို ပြန်မည့် ထက်မြတ်ကို မိုးထက် တွေ့လိုက်လို့ လှမ်းခေါ်လိုက်သည်။ မိုးသားနယုန်ဆိုတဲ့ ချစ်ရသူလေးက မိုးထက်ကိုသာ အပေါင်း အသင်း မလုပ်တာ။ ထက်မြတ်နဲ့ကျတော့ အဆင်ကိုချောလို့။
"ထက်မြတ်၊ မင်း ငါ့မိုးနဲ့ အတူတူထွက်လာတာ မဟုတ်လား "
"ဟုတ်တယ်လေ "
YOU ARE READING
မိုးနတ်သား၏ ကြယ်နှင်တံ [Completed]
Romanceမှောင်မည်းနေသော အခန်းထဲမှာ အလင်းရောင်တွေ ဖြာထွက်လာအောင် စွမ်းဆောင်နိုင်သောသူ သူဟာ တကယ်တော့ ကျွန်တော့်ဘဝရဲ့ မီးအိမ်ရှင်