33[U]

18.9K 1.2K 92
                                    

အရုဏ်ဦး အလင်းရောင်တို့ ချဉ်းနင်းဝင်ရောက်လာခြင်း မရှိသေးသည့် မနက် ၅ နာရီထိုးအချိန်မှာ ထူးတစ်ယောက် စောစောစီးစီး အိပ်ရာနိုးလာသည်။ ထူးရဲ့ဘေးနားမှာ ရှိနေသော ထူး အရမ်းချစ်ရတဲ့ ကိုကို့ရဲ့ နှုတ်ခမ်းလွှာထက်ပေါ်ကို အကြင်နာအနမ်းတစ်ပွင့် အရင်ဆုံး တိတ်တခိုး ကြွေလွင့်လိုက်သည်။

ဒီနေ့က ကိုကို့မွေးနေ့။ အဲ့ဒါကြောင့် ထူး စောစောစီးစီး အိပ်ရာထပြီး
ကိုကို့မွေးနေ့မှာ ဘုရားလည်းကပ် ဘုန်းကြီးဆွမ်းလည်း လောင်းရအောင် ခေါက်ဆွဲ ကြော် ကြော်ဖို့ စီစဉ်လိုက်သည်။ ထူး မီးဖိုခန်းမှာ ခေါက်ဆွဲကြော်နေလိုက်သည်။ အားလုံးပြီးသွားတာနဲ့ ထူး မျက်နှာလေး ပြုံးရွှင်ပြီး အိပ်ခန်းထဲ တစ်ခေါက် ပြန်ဝင် သွားလိုက်သည်။

"ကိုကို "

ကိုကိုက အိပ်ရာနိုးနေတာကို မထသေးဘဲ ပြတင်းပေါက်မှန်ချပ်ကို ငေးနေတာ။ ထူးက နာမည်ခေါ်လိုက်လို့ ကိုကို့မျက်လုံးတွေက ထူးဆီကို ရွေ့လျား လာသည်။

"ကိုကို ..Happy Birthday၊ ကိုကို့မွေးနေ့အတွက် ခေါက်ဆွဲကြော် ကြော် ထားပေးတယ်၊ ဘုရားဆွမ်းကပ် ဘုန်းဘုန်းဆွမ်းလောင်းပြီးရင် ဘုရားကြီးကို သွား ကြမယ်လေ"

ကိုကိုက ထူးကိုကြည့်ပြီး ယောင်ယောင်လေး ပြုံးပြသည်။ ထူးရဲ့ ပါးပြင် လေးကို ဖျစ်ညှစ်ပြီးမှ အိပ်ရာထလိုက်သည်။ ထူး ဝမ်းသာလိုက်တာဆိုတာလေ။ ကိုကို ဒီလိုမျိုး အပြုအမူကို လုပ်ခဲလွန်းလို့ ထူး ရင်တွေ ခုန်လာသည်။ ကိုကိုက ရေ ချိုးခန်းထဲ ဝင်သွားပြီး ရေပါ တစ်ခါတည်း ချိုးနေသည်။ ကိုကို ပြန်ထွက်လာမယ့် အချိန်ကို ထူး စောင့်နေလိုက်သည်။

"ကိုကို ရေချိုးလို့ ပြီးပြီလား "

"အင်း"

ရေသုတ်ပေးဖို့လုပ်ရင် ပွတ်သီးပွတ်သပ်လုပ်တယ်ဆိုပြီး ကိုကိုက ထူးကို တွန်းထုတ်တတ်လို့ မျက်နှာသုတ်ပုဝါကိုပဲ ကိုကို့လက်ထဲကို ထည့်ပေးလိုက်
သည်။

"ကျွန်တော်လည်း ရေချိုးလိုက်ဦးမယ်၊ မီးခိုခန်းမှာ အားလုံးအဆင်သင့်ပဲ၊
ဘုရားဆွမ်းကပ်ပြီး ဘုန်းကြီးဆွမ်းလောင်းထား "

မိုးနတ်သား၏ ကြယ်နှင်တံ [Completed]Where stories live. Discover now