ဒေါက် ဒေါက် ... ဒေါက် ဒေါက် !!
"ယုန် ... ယုန် "အခန်းတံခါး ခေါက်သံနှင့်အတူ လင်းခေး၏ ခေါ်သံ အဆုံးမှာ ဦးနှင့်နယုန် တပြိုင်တည်း အိပ်ရာနိုးသွားကြသည်။ ဦးက နယုန့်ကျောပြင်ကို ပွေ့ဖက်ထားပြီး ရင်ခွင်ထဲက နယုန့်ကို ခေါင်းငုံ့ကြည့်လာသည်။
"အခန်းတံခါး လာခေါက်နေတာ ကလေးရဲ့ သူငယ်ချင်း ထင်တယ်"
"လင်းခေးပဲ ဖြစ်မယ်၊ ဦး ခဏနော်"
ကျွန်တော်နှင့် ယုန်က မနက်ခင်းစောစော ပြေးနေကြမို့ ဒီနေ့ ယုန်က နောက်ကျနေကာ ကျွန်တော့်ကို လာမခေါ်သေးတာနဲ့ ယုန့်ရဲ့အခန်းတံခါးကို ကျွန်တော် လာခေါက်လိုက်သည်။ တံခါးကို အဆက်မပြတ်ခေါက်နေလို့ မကြာခင်မှာပဲ အခန်းတံခါးပွင့်လာသည်။ ဒါပေမယ့် ယုန်က ညအိပ်ဝတ်စုံသာ ဝတ်ထားပြီး အားကစားသွားလုပ်ရန် မပြင်ရသေးပေ။ယုန်က ဘာလို့ အဆင်သင့်မဖြစ်သေးတာလဲ။ ဘာလို့ အစဉ်အလာတွေကို ဖောက်ဖျက်နေတာလဲ။
"လင်းခေး မင်းတစ်ယောက်တည်း သွားလိုက်တော့၊
ငါ ဒီနေ့ မလိုက်တော့ဘူး "ယုန်က ကျားသားမိုးကြိုးပါပဲ။ ယုန် အားကစား သွားမလုပ်သည့် ဒီလိုနေ့ရက်မျိုးလည်း ရှိလာတာပဲလား။ကျွန် တော် တစ်ခါတစ်ရံ အပျင်းတစ်ပြီး ယုန်နဲ့အတူ မလိုက်ခဲ့တဲ့ရက်တွေဆို ယုန်က အိပ်ရာပေါ်က အတင်းဆွဲချပြီး ကျွန်တော့်ကို မရရအောင် ခေါ်တတ်သည်။
"ယုန် ...မင်း ဘာဖြစ်လို့လဲ နေမကောင်းလို့လား "
"အင်း .. ငါ အခု စိတ်တွေ အရမ်းချမ်းသာတယ်၊
ခန္ဓာကိုယ်ကတော့ နည်းနည်း နေမကောင်းဖြစ်နေတယ်၊ ဒီမှာကြည့် "ယုန်က မျက်နှာကို ဂုဏ်ယူဝင့်ကြွားစွာ ပြုံးကာဖြင့် ဘယ်လက်ဖဝါးကို ထောင်ပြသည်။ ယုန်ရဲ့ လက်ကို ကြည့်ပြီး ကျွန်တော့်မျက်လုံးတွေ ပြူးကျယ်ဝိုင်းစက်သွားပြီး ယုန့်ကို ပြန်ကြည့်လိုက်သည်
"ယုန် ..မင်း ..ဒီလက်စွပ် အရင်က မရှိဘူး မဟုတ်လား၊ Oh my god မဟုတ်မှလွဲရော၊ မင်းရဲ့ဦး"
ယုန်ရဲ့ လက်သူကြွယ်မှာ အရင်က မရှိခဲ့သော လက်စွပ်တစ်ကွင်းက ခမ်းနားထည်ဝါစွာ နေရာယူထားသည်။ ယုန်က မျက်နှာကို မှိုကျင်းတွေ့သလို ပြုံးဖြီးပြီး ခေါင်းကို အသာညိတ်ပြလာသည်။
YOU ARE READING
မိုးနတ်သား၏ ကြယ်နှင်တံ [Completed]
Romanceမှောင်မည်းနေသော အခန်းထဲမှာ အလင်းရောင်တွေ ဖြာထွက်လာအောင် စွမ်းဆောင်နိုင်သောသူ သူဟာ တကယ်တော့ ကျွန်တော့်ဘဝရဲ့ မီးအိမ်ရှင်