ဦးနှင့်နယုန်သည် လင်းခေးကို ကြီးမွန်နှင့်အတူ အိမ်စောင့်ထားခဲ့ပြီး မင်္ဂလာဖိတ်စာလည်းကမ်းရင်း ဆိုင်ကယ်တစ်စီးနဲ့ Night Out ထွက်လာကြသည်။ ဦးရဲ့ အသိမိတ်ဆွေတွေဆီပါ သွားရောက်ပြီး မင်္ဂလာဖိတ်စာကို လိုက်ကမ်းသည်။ နယုန်တို့ရဲ့ မင်္ဂလာပွဲက ထူးဆန်းစွာ ဦးတို့ဆေးလောက နယ်ပယ်မှာ ဟိုးလေးတကြော်တော့ ဖြစ်မနေပါ။ ဘာလို့ဆို နယုန် ၉ တန်းနှစ်ကတည်းက ဦးက နယုန်နှင့် ချစ်နေတာပါလို့ အားလုံးကို ဝန်ခံထွက်ဆိုခဲ့တာမို့ အခု နယုန်တို့နှစ်ဦး မင်္ဂလာဆောင်ချိန်မှာ ဘယ်သူမှ အံ့သြထူးဆန်းသွားတာမျိုး ရှိမနေကြတော့ပါ။
"ဦး ..အစ်ကိုကောင်းမြတ်ရော ဖိတ်ပြီးပြီးလား"
"ဒီကောင်က စင်ကာပူမှာဆိုတော့ မလာနိုင်ဘူးလေ၊ ကိုကိုတို့ကို လူချင်း တွေ့တော့မှ ဂုဏ်ပြုမယ်တဲ့"
"ကျွန်တော်တို့ကို ဘယ်သူမှ ဘာမှမပြောကြတော့ဘူးနော် ဉီး"
"ကလေး ထင်လို့ပါ၊ ကောင်းမြတ်က ကြားသမျှတွေ ကိုကို့ကို ပြန်ပြောပြ တယ်"
"လူတွေက ကျွန်တော်တို့ကို ဘာပြောကြပြန်တာလဲ "
"ကိုကိုက ကလေးကို ခမ်းခမ်းနားနား လက်ထပ်ယူလို့ အဲ့လောက်အထိ လိုလို့လားတဲ့၊ ယောင်္ကျားယူတာ ဗိုက်ကြီးတာလည်း မဟုတ်၊ ဇာချဲ့နေတယ်တဲ့၊ မယူဘဲ အတူတူနေတော့ရော ဘယ်သူသိမှာလဲတဲ့"
ဒါက နယုန့်ကို စော်ကားပြောဆိုတဲ့ စကား။လက်ထပ်တယ်ဆိုတာ သမရိုးကျ စုံတွဲတွေမှ လုပ်ရမှာလား။ ဗိုက်ကြီးပူလာမှ လက်ထပ်ရမှာလား။ အဲ့ဒါပဲ လူတွေက လူကိုလူလို့ မမြင်ကြတာ။ တိတ်တိတ်ပုန်းမဟုတ်ဘဲ အဆင့်အတန်းတစ်ခုမှာ နေချင်လို့ လက်ထပ်တာကိုတောင် ကျား/မ ခွဲခြားနေကြတာ။
"လူတွေက ရယ်ရတယ် ဦးရယ်၊ အပြစ်ပြောစရာ ကြံဖန်ရှာပြောတာပဲ၊ သူတို့ပိုက်ဆံ ကုန်တာကျလို့၊ အလကား သူတို့ မဆောင်ရတိုင်း"
"ကိုကိုလည်း ပြန်ပြောလိုက်ပါတယ်၊ ကလေးကို တန်ဖိုးထားလွန်းလို့ ကလေးရဲ့အဆင့်အတန်းနဲ့ လိုက်အောင် ပြီးစလွယ်မယူဘဲ လက်ထပ်ယူတာလို့"
"Good Job၊ တော်တယ် ဦး၊ အဲ့ဒါကြောင့် ဦးကို ချစ်တာ၊ ဦးက အမြဲတမ်း ကျွန်တော့်ဘက်ကပဲ "
YOU ARE READING
မိုးနတ်သား၏ ကြယ်နှင်တံ [Completed]
Romanceမှောင်မည်းနေသော အခန်းထဲမှာ အလင်းရောင်တွေ ဖြာထွက်လာအောင် စွမ်းဆောင်နိုင်သောသူ သူဟာ တကယ်တော့ ကျွန်တော့်ဘဝရဲ့ မီးအိမ်ရှင်