နယုန်သည် ကျောပိုးအိတ်ကို စာကြည့်စားပွဲပေါ်ကို တင်ပြီးတာနဲ့ ကွန်ပါဘူးထဲ ထည့်သိမ်းထားတဲ့ ကြယ်ဖြူကိုပါ ထုတ်ယူပြီး ရောင်နီ့ဓာတ်ပုံရှေ့မှာ ချထားလိုက်သည်။ ဒီကြယ်ဖြူလေးက မိုးထက်ကြယ်ပေးတာဆိုပေမယ့် ချစ်ရသူနှင့် ပေါင်းဖက်လိုပါ၏လို့ ဆုတောင်းထားတဲ့ ကြယ်ဖြူကို နယုန်ချစ်လို့ လွှင့်မပစ်ရက်ပါ။
"နယုန်..ကိုကိုလာကြိုမယ်လို့ သေချာပြောထားတာ
ဘာလို့မစောင့်တာလဲ၊ မိုးထက်ကြယ်ရဲ့ ဆိုင်ကယ်ကို လိုက်စီးတယ်ဟုတ်လား၊ ကိုကိုမကြိုက်တာ သိသိရဲ့နဲ့"ဦးက အခုကျမှ နယုန့်ကို အပြစ်တင်နေတာ။ နယုန့်ကို တကယ်ချစ်ရင် ကြယ့်ကိုမနာလိုရင် နယုန့်ဆီက အချစ်ကိုရဖို့ ကြိုးစားရမှာပေါ့။အခုကျ ကျောင်းလာကြိုတာတောင် နောက်ကျနေတာ။နားရက်ရတုန်းလေး ရည်းစားနဲ့ချိန်းတွေ့နေလို့ နယုန့်ကို မေ့သွားတာဖြစ်မှာပေါ့။အဲ့ဒီရည်းစားကလည်း နယုန့်ထက်စာရင် အားလုံးပြည့်စုံနေတာလေ။ ဦးက မမသဇင်ကိုပဲ လူသိရှင်ကြား ချစ်သူတော်ချင်မှာပေါ့။
ကြယ်ပြောခဲ့သလို ဦးလို ဂုဏ်သရေရှိ ဆရာဝန်တစ်ယောက်က နယုန့်ကို လူသိရှင်ကြား လက်ထပ်ရဲမှာလား။ အဲ့ဒါကြောင့် သိမ်ငယ်စရာကောင်းတဲ့နယုန့်ကို လူမြင်အောင် မထုတ်ပြရဲတာ။ ဒေါက်တာနန်းမြင့်သဇင်ကို မဖြုတ်ချရဲတာ။ ဦးက နယုန့်ကိုချစ်တယ်ဆိုတာထက် သူ့ကိုယ်သူ ပိုချစ်နေတာ။
ရောင်ခြည်မေးလိုက်တာကို နယုန်လေးက ကြားရဲ့သားနဲ့ မကြားချင်ယောင်ဆောင်ကာ ရေချိုးခန်းထဲဝင်သွားသည်။ ရောင်ခြည် ကျောင်းသွားကြိုပေးတာ နောက်ကျသွားလို့ ဒီကလေးက စိတ်ကောက်နေတာများလား။ အဲ့ဒါဆိုရင် ရောင်ခြည် ပြန်ချော့ရမှာပေါ့။ နယုန်လေးက အချော့ကြိုက်တဲ့ ကလေးပါ။ နယုန်လေး လိုချင်နေတဲ့ ရည်းစားစာလည်း ပေးထားပြီးပြီပဲ။ ကလေးက ရောင်ခြည့်ကို စိတ်ကောက်နေတာပဲ ဖြစ်မှာ။ ရောင်ခြည် ထိုကဲ့သို့သာ တွေးတောမိသည်။
မနက်တုန်းက ကလေးရဲ့ ကျောပိုးအိတ်ထဲကို ထည့်ပေးလိုက်တဲ့ ကြယ်ဖြူကို စာကြည့်စားပွဲပေါ်မှာ ပြန်တွေ့ရသည်။ အဲ့ဒါဆို ကြယ်ဖြူမှာ ရေးထားတဲ့စာကို ကလေးက တွေ့ခဲ့ပြီပေါ့။ ကြယ်ဖြူကို တွေ့ပြီးပြီဆိုမှတော့ ရောင်ခြည့်ကို အဖြေပြန်ပေးလာမှာပဲ။ အခုက ခဏလေး စိတ်ကောက်ပြနေတာပဲ ဖြစ်မှာပါ။ အဲ့လိုတွေးကြည့်မိတော့လည်း ရောင်ခြည့်စိတ်ထဲ ရွှင်မြူးလာသည်။ နယုန်လေးဆီကနေ အဖြေပြန်ရတော့မှာ မဟုတ်လား။
YOU ARE READING
မိုးနတ်သား၏ ကြယ်နှင်တံ [Completed]
Romanceမှောင်မည်းနေသော အခန်းထဲမှာ အလင်းရောင်တွေ ဖြာထွက်လာအောင် စွမ်းဆောင်နိုင်သောသူ သူဟာ တကယ်တော့ ကျွန်တော့်ဘဝရဲ့ မီးအိမ်ရှင်