မောင်မိုးထက်ကြယ် + မောင်ထူး
မင်္ဂလာဦး ဆွမ်းကျွေးအလှူကိုကိုနှင့်ထူးတို့ရဲ့ မင်္ဂလာဦး ဆွမ်းကျွေးအလှူကိုဘုန်းကြီးကျောင်းမှာ ပြုလုပ်နေတာ။အလှူလုပ်တယ်ဆိုပေမယ့် ကိုယ်တိုင်ချက်ပြုတ်ပေးနေဖို့မလိုဘဲ အလှူငွေ ထည့်လိုက်တာနဲ့ ဘုန်းကြီးကျောင်းကပဲ အားလုံးကို စီစဉ်ပေးသွားသည်။ ဘုန်းကြီးကျောင်း၏ အလှူရှင်နာမည် ကြေညာပေးသည့် white board ပေါ်မှာ ရေးထားသော စာနှစ်ကြောင်းကို ဖတ်ကြည့်ပြီး ထူးမျက်နှာလေး
ပြုံးရွှင်နေသည်။" တော်တော်ပျော်နေတယ် ဟုတ်လား ၊ ရုပ်ကိုက "
ကိုကိုက ထူးအနားကို ရောက်လာသည်။ white board မှာ ရေးထားသော စာနှစ်ကြောင်းကို ဖတ်ကြည့်ပြီးမှ ထူးဘက်ကိုလှည့်ကာ မဲ့ရွဲ့ပြောသည်။
" ကိုကိုနဲ့ကျွန်တော်က ဖူးစာလေဗျာ "
" အဲ့တော့ ဘာဖြစ်လဲ "
" ချစ်သူတိုင်းသည် ဖူးစာရှင်မှ မဖြစ်နိူင်တာ ၊ ဖူးစာရှင်က ဖူးစာရှင်လေ ကိုကို "
" အေး .. ငါ့မှာ ဖူးစာရှင် နှစ်ယောက်ရှိတယ်လို့ မှတ်ထားလိုက် "
ထူးကို စကားနာမထိုးရရင် ကိုကိုက စားမဝင်အိပ်မပျော်တာများလား။ ကိုကိုက အဲ့ဒါဆို နောက်တစ်ယောက် ထပ်ယူဦးမယ်ပေါ့။ အဲ့ဒီလို ပြောသွားတာလား။
" ထူးရေ ..သားလေး ၊ အိမ်ပြန်ကြမယ် "
" ဟုတ် .. မေမေ "
မေမေ လှမ်းခေါ်နေလို့ ကားရပ်ထားတဲ့နေရာကို ထူးရောက်လာသည်။ ကားပေါ်မှာ ကိုကို့ဘေးမှာ ထူး ထိုင်လိုက်သည်။ အိမ်အပြန်လမ်းတစ်လျှောက် ကိုကို စကားတစ်ခွန်းမှ ပြောမလာပါ။ ဘုန်းကြီးကျောင်းက ပြန်အရောက်မှာ လူကြီးတွေက ထိုင်ခုံပေါ်မှာ ထိုင်ကြသည်။ ထူးနှင့်ကိုကိုက မိဘတွေကို ထိုင်ကန်တော့ကြသည်။
" ကဲ .. ကလေးတွေ ၊ မင်းတို့က သမရိုးကျ မဟုတ်တော့
ဘယ်လိုဆုပေးရမှန်းကို မသိဘူး "ကိုကို့မေမေ အန်တီသူဇာက ထူးတို့နှစ်ယောက်ကို ကြည့်ပြီး ရယ်ရယ်မောမော စကားဆိုလိုက်သည်။မေမေလည်း အန်တီသူဇာလိုပင် ရယ်နေသည်။
BINABASA MO ANG
မိုးနတ်သား၏ ကြယ်နှင်တံ [Completed]
Romanceမှောင်မည်းနေသော အခန်းထဲမှာ အလင်းရောင်တွေ ဖြာထွက်လာအောင် စွမ်းဆောင်နိုင်သောသူ သူဟာ တကယ်တော့ ကျွန်တော့်ဘဝရဲ့ မီးအိမ်ရှင်