32[U]

18.3K 1.1K 46
                                    

ည ၇ နာရီဝန်းကျင်လောက် ခြံရှေ့မှာ ကားဟွန်းသံမြည်လာလို့ ဒေါ်မွန်မွန်ဦး သော့တွဲယူပြီး ခြံထဲဆင်းလာလိုက်သည်။

" ရောင်ခြည်တို့ ပြန်လာကြပြီပေါ့ "

" ဟုတ် .. တီလေး "

ကြီးမွန် ခြံတံခါးကို သော့ဖွင့်ပေးနေတုန်းလေးမှာ နယုန် ကားပေါ်က ဆင်းလိုက်သည်။

" ကြီးမွန် .. နေ .. နေ .. ကျွန်တော် ဦးကို တံခါးဖွင့်ပေးလိုက်မယ် "

နယုန်က ကြီးမွန်ကို အသံပြုရင်း ခြံတံခါးနှစ်ဖက်ကို ကားဝင်လာလို့ရအောင် တွန်းဖွင့်ပေးလိုက်သည်။ ဦးက ကားကို ပေါ်တီကိုအောက် မောင်းဝင်သွားသည်။ ကြီးမွန်က အိမ်ထဲဝင်မသွားသေးဘဲ နယုန့်ကို ခြံတံခါးဝမှာ ရပ်ကြည့်နေသည်။

" ကြီးမွန်.. ကြီးမွန်က ဒီအတိုင်းပဲနော်၊ ဘာမှမပြောင်းလဲဘူး၊ အရွယ်တင်နေတာပဲ "

ကြီးမွန်ကလည်း နယုန့်ကို တစ်ခါမှကို မမြင်ဖူးခဲ့သည့် သူစိမ်းတစ်ယောက်လို ခြေဆုံးခေါင်းဆုံး စုန်ချည်ဆန်ချည် ကြည့်နေသည်။

" အေး ... နယုန်.. ကြီးမွန်ကွယ် သားကို မှတ်တောင်မမှတ်မိဘူး၊ သားက အတော်ပြောင်းလဲသွားတာပဲ ကြည့်စမ်း၊
ကလေးရုပ်လေး မဟုတ်တော့ဘူး ကောင်ချောလေး ဖြစ်လာပြီပဲ "

" ဟီး .. ကျွန်တော် ချောလာတယ် မဟုတ်လားဟင်
ကြီးမွန် "

နယုန် ပြုံးရယ်ပြီး ခြံတံခါးပြန်ပိတ်ကာ ကြီးမွန်လက်ထဲက ခြံသော့ကိုယူပြီး တံခါးကို သော့ခတ်ပိတ်လိုက်သည်။
ကြီးမွန်ကတော့ နယုန့်ကို ရပ်ကြည့်နေတုန်း။

" အေး .. ချောလည်းချော၊ အရပ်ကြီးကလည်း ရှည်ထွက်လာလိုက်တာများ သားအစ်ကို နီးနီးပါလား၊ အေးပေါ့ကွယ် နိုင်ငံခြားမှာ နှစ်ချီကြာသွားတာဆိုတော့ အသားအရေကအစ အရင်ကထက် ဖွေးသန့်လာတာပဲ"

" ဟီး .. ကျွန်တော် မနေတတ်တော့ဘူး ကြီးမွန် "

" မြင်ယောင်သေးတယ်၊ ရောင်ခြည့်ကို ငါတော်တော် မျက်စိနောက်ရတော့မှာပဲ "

" ဗျာ .. ဦးက ဘာဖြစ်နေလို့လဲ ကြီးမွန်ရဲ့ "

"သားအစ်ကိုလေ သားပြန်မလာခင်ကတည်းက ရွစိခက်နေတာ၊ ဟိုမှာ Orient Paradise မှာ Booking သွားချိတ်ပြီးပါရော့လား "

မိုးနတ်သား၏ ကြယ်နှင်တံ [Completed]Where stories live. Discover now