နယုန် ဆယ်တန်းစာမေးပွဲ ဖြေပြီးသွားပြီမို့ ဦးက နယုန့်ကို မုန့်လိုက်ကျွေးသည်။ အဲ့ဒီက အပြန်မှာ အိမ်ကို တန်းမပြန်သေးဘဲ ကျုံးဘက်ကိုသွားပြီး လေညင်းခံထွက်ကြသေးသည်။ဒီညက နယုန် အရမ်းပျော်သည့် နွေဦးညလေးပါ။ ဦးနှင့် နယုန်သည် လက်ချင်းတွဲပြီး ကျုံးဘေးမှာ လမ်းလျှောက်ကြသည်။ အမှောင်ရိပ် ကျနေသည့် နေရာကိုမှ ရွေးထိုင်ဖြစ်ကြသည်။ လမ်းသွားလမ်းလာ လူလစ်ချိန်တိုင်းမှာ ဖျတ်ခနဲ ဖျတ်ခနဲ အနမ်းပေးဖြစ်ကြသည်။
"ဟယ်လို တီလေး"
"အင်း..ရောင်ခြည် ..၈ နာရီကျော်နေပြီ၊ အိမ်ပြန်လာကြတော့၊ ညီအစ်ကိုတွေ ဘယ်ရောက်နေကြလဲ"
"ကျုံးဘေးမှာ လေညင်းခံနေတာ တီလေး၊ အခု ပြန်လာမယ်"
"အင်း ..ဆိုင်ကယ်ဖြည်းဖြည်းမောင်း"
"ဟုတ်ကဲ့ .. တီလေး"
ရောင်ခြည်သည် တီလေးနဲ့ ဖုန်းပြောပြီးတဲ့နောက် နယုန့်ကို မျက်ခုံးပင့်ပြလိုက်သည်။ နယုန်က အလိုမကျတဲ့ မျက်နှာလေးနဲ့ ရောင်ခြည့်ကို နှာခေါင်းပြန်ရှုံ့ပြသည်။
"တီလေး ခေါ်နေပြီ၊ ကိုကိုတို့ အိမ်ပြန်ရအောင်"
"ကြီးမွန်က ဘာမှန်းလည်း မသိဘူး၊ ဦးနဲ့ အကြင်နာပေးလို့တောင် မဝသေးဘူး"
"အိမ်ရောက်ရင် တစ်ခါ ပြန်ပေးမယ်လေ၊ ဆယ်တန်းစာမေးပွဲလည်း ဖြေပြီးပြီဆိုတော့ ကလေး စာကျက်စရာ မလိုသေးဘူးလေ"
"ကတိနော် ဦး"
"ကတိ ကတိ"
"အိမ်ရောက်တာနဲ့နော်"
"အိုကေ"
နယုန်သည် စိတ်အလိုမကျစွာ မျက်နှာကို စူပုတ်ပြီး ထိုင်နေရာမှ မတ်တပ်ထရပ်လိုက်သည်။ အိမ်ကိုမပြန်ချင်ပြန်ချင်နဲ့ ဦးကိုယ်တိုင်မောင်းသော ဆိုင်ကယ်ကို နယုန်က အနောက်ကနေ ခွထိုင်စီးပြီး စူပုတ်ပုတ်မျက်နှာလေးနဲ့ အိမ်ကို ပြန်ပါလာသည်။
"ရောင်ခြည် .. နယုန်၊ ပြန်လာကြပြီလား၊ ထမင်းစားလိုက်ကြဦး"
ပေါ်တီကိုအောက် ဆိုင်ကယ်ထိုးရပ်ပြီး အိမ်ထဲဝင်လာတာနဲ့ တီလေးက ဧည့်ခန်းကနေ ရောင်ခြည်တို့ကို လှမ်းအော်လာသည်။ ရောင်ခြည်လည်း နယုန်လေးကို အကဲခတ်ကြည့်လိုက်သည်။ ကလေးမျက်နှာက အခုချိန်အထိ စူပုတ်ပစ်ထားတုန်း။
YOU ARE READING
မိုးနတ်သား၏ ကြယ်နှင်တံ [Completed]
Romanceမှောင်မည်းနေသော အခန်းထဲမှာ အလင်းရောင်တွေ ဖြာထွက်လာအောင် စွမ်းဆောင်နိုင်သောသူ သူဟာ တကယ်တော့ ကျွန်တော့်ဘဝရဲ့ မီးအိမ်ရှင်