2 Rains Bar Club အတွင်းမှာ ရောင်စုံမီးဆလိုက်များ ပြိုးပြိုးပြက်ပြက် လင်းလက်လျက်ရှိနေသလို Dancing Floor သို့ ရောက်ရှိနေကြသော လူငယ်လူရွယ်တို့သည် Bar Club အတွင်း ပျံ့လွင့်လျက်ရှိနေသော DJ အသံနှင့်အတူ ယိမ်းနွဲ့လိုက်ပါ မြူးထူးကခုန်နေကြသည်။
"ဟား ဟား ဟား မိုးထက်ရာ၊ အဲ့တော့ မင်းက ထူးကို အရေးနိမ့်ခဲ့တယ်ပေါ့ "
မိုးထက် က 2 Rains Bar Club ကို ရောက်လာချိန်မှာ မျက်နှာသုန်မှုန်နေလို့ ကျော်ကြီးနှင့်ဇော်ကြီးက မိုးထက်ကို အတင်းဝိုင်းမေးကြသည်။ မိုးထက်လည်း မိုးလင်းကတည်းက ထူးနှင့်ပတ်သက်တဲ့ ဖြစ်ကြောင်းကုန်စင်ကို မခြွင်းမချန် ပြောပြဖြစ်သည်။ ဟိုနှစ်ယောက်က ဘီယာလေးသောက် ခေါင်းတညိတ်ညိတ်နဲ့ မိုးထက်ပြောသမျှနားထောင်နေပြီး အားလုံးကို အကြောင်းစုံလည်း ပြောပြပြီးရော မိုးထက်ကို ဟာသလုပ်ကာ ဝိုင်းရယ်ကြသည်။
" ငါ့ကို ဟားတိုက်မနေနဲ့ ခွေးကောင်တွေ၊ ငါ တော်တော် ဒေါသဖြစ်နေတာ၊ အဲ့ကောင်လေးကို နောက်တစ်ခါဆိုတစ်စစီ ဆွဲဖြဲပစ်မယ် "
မိုးထက်လည်း စိတ်တိုနေလို့ မီးတောက်နေတဲ့ မျက်နှာနဲ့ ကျော်ကြီးတို့ကို ပြန်ပြောပစ်လိုက်သည်။
" ဟုတ်မှလည်း လုပ်ပါ မိုးထက်ရာ၊ ထူးက အဲ့ဒါဆို
မင်းကိုချစ်နေတာ ကြာပြီပေါ့ "" မိုးထက် ၊ မင်း ကံတွေ ဇွတ်ကောင်းနေပါလား၊
ရေကန်အသင့် ကြာအသင့်ပဲ၊ စိတ်ရှိရင် ဆွဲစားလိုက်ရုံပဲ"" အာ ....မင်းတို့ကလည်း စိတ်ရှိတိုင်း ဆွဲစားနေရအောင်
ငါ ချစ်တဲ့ မိုးမှ မဟုတ်တာ "ဟိုနှစ်ယောက်ကလည်း ဘီယာလေးတမြမြနဲ့ မိုးထက်ကို မြှောက်နေကြတာ။ အဲ့နှစ်ယောက်က ကျောင်းတော်မှာကတည်းက မိုးထက်ကို မြှောက်ပေးကြတဲ့နေရာမှာ ဆ ရာကြီးတွေ။ မိုးထက်လည်း စားပွဲပေါ်က ဘီယာခွက်ကို လှမ်းယူပြီးနောက်၊ တစ်ကျိုက်မော့သောက်ပြီး ဖန်ခွက်ကို စားပွဲပေါ်ကို ပြန်ဆောင့်ချလိုက်သည်။
" မိုးထက်ကွာ၊ မင်းရဲ့ မိုးသားနယုန်ကို စိတ်လျှော့လိုက်ပါတော့၊ မိုးသားနယုန်က အခုဆို ၄ နှစ်ရှိသွားပြီကွ၊ ငါတို့ အရှေ့က ပျောက်သွားတာ "
YOU ARE READING
မိုးနတ်သား၏ ကြယ်နှင်တံ [Completed]
Romanceမှောင်မည်းနေသော အခန်းထဲမှာ အလင်းရောင်တွေ ဖြာထွက်လာအောင် စွမ်းဆောင်နိုင်သောသူ သူဟာ တကယ်တော့ ကျွန်တော့်ဘဝရဲ့ မီးအိမ်ရှင်