Part 13

75 11 5
                                    

         ကားကိုတစ်ရှိန်ထိုးမောင်းလာမိတယ် .....
တောက်လျှောက်ဖုန်းဆက်တာကိုလဲ မကိုင်ဘူး .....

Yuri : အာ ..... Shit

       ဝုန်းခနဲမြည်အောင် တံခါးကိုဆွဲဖွင့်ပြီးအိမ်ထဲအ
တင်းဝင်ချလာတယ် .....
တစ်အိမ်လံုးမှာလူအရိပ်အယောင်တောင်မတွေ့ရလို့
Saint အခန်းထဲဇွတ်ဝင်သွားဖို့ပဲရှိတော့တယ်

Yuri : Saint ......

      ဘာလဲဟ .... သူအိပ်နေတာလား
ဒီလိုအချိန်မှာ အိပ်နေတယ်တဲ့လား ..... 

Yuri : Saint ...... ထ ......

      အသံကြားလို့ သူနိုးနေရဲ့သားနဲ့ ဘာတံု့ပြန်ချက်
မှမရှိဘူး ..... ဒါဘာသဘောလဲ
စိတ်မရှည်နိုင်တော့လို့ သူခြံုထားတဲ့စောင်ကိုဆွဲလှန်
လိုက်တော့တယ်

Yuri   : နင်ဒီလိုနေနိုင်သေးတာလား .....
Saint : ဘာလဲ ..... ငါ့အိမ်ကိုဘာလို့ဇွတ်ဝင်လာတာလဲ

      စိတ်ပျက်တာလား ... ဝမ်းနည်းနေတာလား မသိ
နိုင်အောင် သူ့မျကိနှာကမှန်းဆလို့မရနေဘူး

Yuri  : Perth ရော .... ဒီလိုအချိနိမှာ ငါတို့ကသူ့ကိုရှာ
            ရမှာလေ ....
Saint : ဘာလို့ရှာရမှာလဲ .... ပျောက်သွားတဲ့သူလဲမ
            ဟုတ်ဘူး ငါကဘာလို့ရှာရမှာလဲ
Yuri : Saint .....
Saint : ပြန်ပါတော့ ငါအလုပ်သွားရဦးမှာ.....
Yuri  : ငါကတော့လက်လျော့မှာမဟုတ်ဘူး ငါသူ့ကို
           ရှာမှာ .... ပြီးတော့ နင်လဲလက်လျော့လို့မရဘူး
Saint : ဘာလို့လဲ .... နင်သူ့ကိုကြိုက်လို့လား

     ဟာ ..... ဆဲမိတော့မယိ့ပါးစပ်ကို ပိတ်ပြီး သက်
ပြင်းကြီးကြီးပဲ ချလိုက်မိတယ်
ဒီကောင်ကတော့ ရူးသွားတာလား .....

Yuri : အေး .... နင်ကြိုက်တာလုပ်
           Perth ကအမြဲနင်မဟုတ်ရင် ငါ့ကိုတိုင်ပင်နေ
           ကျ .... သူဒီလိုထွက်သွားတာနင့်ကိုရှောင်ချင်
           တာဆိုရင် ငါ့ကိုတော့ပြောရမှာပဲ
           ဒါကြောင့် အကြောင်းရင်းတစ်ခုခုတော့ရှိရမယ်
           နင့်ဘာသာ ကြိုက်တာလုပ်

      အနောက်ကိုတစ်စက်မှလှည့်မကြည့်ပဲ ထွက်သွား
ခဲ့တယ် .....
Perth လဲ ငါ့ကိုတစ်ချက်မှလှည့်မကြည့်ခဲ့ဘူး ....
Yuri လဲသူ့ကြောင့်သာမဟုတ်ရင် ငါ့ကိုလှည့်ကြည့်မယ့်သူမဟုတ်ဘူး ....
အဖေလဲ ချစ်တယ်ဆိုပြီး တစ်သက်လံုးလှည့်မကြည့်
ပဲနေခဲ့တယ် .....
Sunny လဲသူငယ်ချင်းဆိုပြီး အဝေးတစ်နေရာကိုထွက်သွားခဲ့တာပဲ....
ငါ့ဘဝက ဘာလို့ဒီလိုရှင်သန်နေရတာလဲ ....
အမြဲတမ်းတစ်ယောက်ထဲရပ်တည်ဖို့ပဲ လိုအပ်လို့လား
လူတိုင်းက .... ငါ့ကိုချစ်တယ်လို့ပြောခဲ့တဲ့သူတိုင်းက
ငါ့အတွက် ..... ခဏတာအလင်းရောက်သက်သက်ပဲ
အလင်းကျရာမှ နေနေကျသူက အမှောင်ထဲရောက်
သွားရင် ပံုမှန်ထပ်ပိုဝေဝါးတတ်ကြတယ်မလား
ပိုကြောက်တတ်ကြတယ်မလား ....
ငါကြောက်လို့ အမှောင်ထဲမှာပဲ တစ်ယောက်ထဲရှင်သန်
ချင်တော့တယိ ......

Hello, My Brother(completed)Where stories live. Discover now